Mandrills ဟာ မျောက်အားလုံးထဲမှာ အကြီးဆုံးဖြစ်ပါတယ်။ အကြီးဆုံးဆိုတာဟာ အရွယ်အစားကို‌ပြောနေတာမဟုတ်ပဲ ကမ္ဘာပေါ်မှာ တခြားမျောက်တွေထက် တည်ရှိမှု ပိုမိုကြာမြင့်နေခြင်း‌ကြောင့် အသက်အကြီးဆုံးလို့ ဆိုလိုတာဖြစ်ပါတယ်။ သူတို့ဟာ အီကွေတာ အာဖရိက မိုးသစ်တောများမှာသာ နေထိုင်တဲ့ ရှက်တတ်ပြီး အိမ်တွင်းပုန်း မျောက်ဝံများ ဖြစ်ပါတယ်။

ထူးခြားတဲ့ အရောင်များနှင့် သွားများ

Mandrills များဟာ အခြားနို့တိုက်သတ္တဝါများထက် အလွန်ပင် အရောင်အသွေးစုံပါတယ်။ မျက်နှာပေါ်ရှိ အပြာရောင်နှင့် နီရဲတဲ့ အသားအရေနှင့် တောက်ပတဲ့ တင်ပါးများဖြင့် သူတို့ကို အလွယ်တကူ သိရှိနိုင်ပါတယ်။ သူတို့စိတ်လှုပ်ရှားတဲ့အခါ ဒီထူးခြားတဲ့ အရောင်များ တောက်ပလာပါတယ်။ သူတို့မှာ မိမိကိုယ်ကို ခုခံကာကွယ်ဖို့အတွက် အသုံးပြုနိုင်မယ့် အလွန်ရှည်လျားတဲ့ သွားများပါရှိပါတယ်။

အပြုအမှု အနေအထိုင်

သူတို့ဟာ အဓိကအားဖြင့် ကုန်းနေမျောက်များဖြစ်ပြီး အင်းဆက်များ၊ တွားသွားသတ္တဝါများနှင့် ကုန်းနေရေနေရေနေသတ္တဝါများလိုပဲ သစ်သီးများ၊ အမြစ်များကိုပဲ စားသုံးကြပါတယ်။ မျောက်တွေဟာ အစာစားဖို့အတွက် လက်ရှည်များနှင့်အတူ လှုပ်ရှားသွားလာကြပါတယ်။ သူတို့ရဲ့ ပါးပြင်များမှာ သရေစာများကို နောက်ပိုင်းစားသုံးဖို့အတွက် သိုလှောင်နိုင်တဲ့ အိတ်များပါရှိပါတယ်။ မျောက်တွေဟာ မြေပြင်ပေါ်မှာ အချိန်များစွာ ကုန်ဆုံး‌ပေမယ့်လည်း သစ်ပင်ပေါ်တက်ကာ အိပ်နိုင်ကြပါတယ်။

Mandrills များဟာ အင်အားကြီးတဲ့ အထီးတစ်ကောင်က ဦးဆောင်ပြီး တစ်ဒါဇင် သို့မဟုတ် အဲ့ထက်ပိုတဲ့ အမများနဲ့ လူငယ်များ ပါဝင်တဲ့ အဖွဲ့များမှာ နေထိုင်ကြပါတယ်။ သူတို့ဟာ အကောင်ရေ ၂၀၀ ခန့် ပါဝင်နိုင်တဲ့ အထီး အမ အစုံအလင်ဖြင့်လည်း စုစည်းထားပါတယ်။

ရှင်သန်ရန် ခြိမ်းခြောက်မှုများ

ဒီရောင်စုံမျောက်ဝံများဟာ ခြိမ်းခြောက်ခံနေရတဲ့ တိရစ္ဆာန်ဖြစ်ပါတယ်။ သူတို့ဟာ အစာအဖြစ် မကြာခဏ အမဲလိုက်ခံရပြီး အာဖရိကသားအများအပြားက သူတို့ကို စားဖွယ်အဖြစ် ယူဆကြပါတယ်။ Mandrills များဟာ စိုက်ပျိုးရေးနှင့် လူသားများ အခြေချနေထိုင် ပျံ့နှံ့မှုကို ခံစားနေကြရပါတယ်။ နှစ်ခုစလုံးဟာ သူတို့ရဲ့ မိုးသစ်တောဇာတိမြေကို ဆုံးရှုံးစေပါတယ်။

သတင်းအရင်းမြစ်: National geographic

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။