အီကွေဒေါနိုင်ငံ Guano မြို့ငယ်လေးမှာ ရှာတွေ့ခဲ့တဲ့ မမ်မီရုပ်အလောင်းဟာ ပညာရှင်တွေ တွေ့ရှိခဲ့ဖူးတဲ့ ရှေး‌ဟောင်းရုပ်ကြွင်းတွေထဲမှာ အထူးအခြားဆုံး ရုပ်အလောင်းဖြစ်ပါတယ်။ ဒီမမ်မီရုပ်ကြွင်းကို မြေငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ Asunción de Guano ဘုရားကျောင်းဟောင်းရဲ့ နံရံအတွင်းကနေ ရှေးဟောင်း အိုးကြီးတစ်လုံးနှင့်အတူ ထွက်ပေါ်လာခဲ့တာပါ။ ဘာကြောင့် ဘုရားရှိခိုးကျောင်းရဲ့ နံရံအတွင်းမှာ ဒီရုပ်ကြွင်းကို မြှုပ်နှံခဲ့သလဲဆိုတာ ယနေ့ခေတ်အထိ လူများစွာအတွက် ပဟေဠိဖြစ်နေဆဲပါ။

Photo Credit – From Google

သမိုင်းအရဆိုရင် ဒီရုပ်ကြွင်းဟာ ၁၅ ရာစုနှစ်က Fray Lázaro de Santofimia လို့အမည်ရတဲ့ ဘုန်းတော်ကြီးတစ်ပါးပါ။ သူဟာ အီကွေဒေါမှာ ကက်သလစ်ဘာသာကို ပြန့်ပွားစေဖို့ စပိန်နိုင်ငံကနေ စေလွှတ်ခြင်းခံရတဲ့ သူဖြစ်ပါတယ်။ ပြီးတော့ သူဟာ အဲ့ဒီနယ်မြေဒေသကို ရောက်ရှိလာတဲ့ အချိန်မှာလည်း Guano မြို့တစ်ဝိုက်မှာ နေထိုင်တဲ့ ဌာနေတိုင်းရင်းသားတွေကို အစားအသောက်တွေအပြင် အခြားလိုအပ်တာတွေကို တက်နိုင်တဲ့ ဘက်ကနေ ကူညီပေးခဲ့ပါတယ်။

Photo Credit – From Google

ဒါ့အပြင် သူက ယနေ့ခေတ် San Andres လို့ခေါ်တဲ့ မြို့တစ်မြို့ကို တည်ထောင်သူလည်းဖြစ်ပါတယ်။ ဘုန်းတော်ကြီး Fray က ဘုရားကျောင်းမှာ ၁၅၆၅ နှစ်မှ ၁၅၇၂ ခုနှစ်အထိ သာသနာပြုတာပါ။ သူ ကွယ်လွန်သွားတဲ့ နောက်ပိုင်းမှာ ဒေသခံတွေက ဘုရားကျောင်းရဲ့ နံရံမှာ ထည့်သွင်းမြှုပ်နှံခဲ့တာ ထင်ပါတယ်။ ဒီလိုမြှုပ်နှံတာကလည်း အဲ့ဒီဒေသက ဌာနေတိုင်းရင်းသားတွေက ဂုဏ်ယူစရာဖြစ်တယ်လို ယုံကြည်ထားလို့ပါ။

Photo Credit – From Google
Photo Credit – From Google

ဘုရားကျောင်းရဲ့ နံရံ ငလျင်ကြောင့် ပြိုကျချိန်မှာ ဘုန်းတော်ကြီး Fray ရဲ့ မမ်းမီရုပ်ကြွင်းအပြင် ကြွက်တစ်ကောင်ရဲ့ ရုပ်ကြွင်းပါ တွေ့ရှိခဲ့ပါတယ်။ ပညာရှင်တွေက ဘုန်းတော်ကြီးရဲ့ ရုပ်ကြွင်းကို ဓာတ်မှန်ရိုက်စစ်ဆေးကြည့်လိုက်တဲ့ အခါမှာ Fray ကွယ်လွန်တဲ့ အချိန်မှာ အသက် ၈၅ နှစ်မှ ၉၀ ဝန်းကျင်ဖြစ်ပြီး အရပ်မှာ ၁.၇၀ မှ ၁.၇၅ မီတာရှိကြောင်းကို တွေ့ရှိခဲ့ပါတယ်။

Photo Credit – From Google

သတင်းအရင်းမြစ်: Source - us.pahilopahilonews

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။