သန္တာကျောက်တန်းငါး (Stonefish) လို့ ခေါ်တဲ့ ငါးကတော့ ကမ္ဘာပေါ်ရှိ အဆိပ်သင့်ဆုံး ငါးတွေထဲမှာ ပါဝင်ကြပါတယ်။ "stonefish" ဆိုတဲ့ နာမည်က Synanceiidae မျိုးနွယ်စုရှိ ငါးများစွာထဲက မျိုးစိတ်တစ်ခုပါ။ အချို့ကတော့ ဒီငါးကို ကျောက်ငါးလို့လည်း ခေါ်ကြပါတယ်။

Photo Credit – From Google

အဆိုပါ ကျောက်ငါးတွေက ပုံမှန်အားဖြင့် လိမ္မော်ရောင်၊ အဝါရောင် ၊ အနီရောင် အကွက်များအပြင် အညိုရောင်ရှိပြီး သူတို့ရဲ့ အရောင်က နေထိုင်ရာ ပတ်ဝန်းကျင်ရှိ ကျောင်ဆောင်များ ၊ သန္တာကျောက်များနှင့် ဆင်တူကြပါတယ်။ ဒါကြောင့် သူတို့ကို  သန္တာကျောက်တန်းငါးလို့ ခေါ်ကြတာပါ။

Photo Credit – From Google
Photo Credit – From Google

ကျောက်ငါးများကို အင်ဒို-ပစိဖိတ်ဒေသရှိ အဏ္ဏဝါနေထိုင်ရာနေရာများရဲ့  ကျောက်ဆောင် (သို့မဟုတ်) ရွှံ့အောက်ခြေများမှာ တွေ့ရတတ်ပါတယ်။ ထူးထူးခြားခြား သူတို့မှာ ပုန်းလျှိုးကွယ်လျှိုး လုပ်နိုင်တဲ့ အစွမ်းသတ္တိတွေကို ပိုင်ဆိုင်ထားကြပါတယ်။ ဒါကြောင့် သားကောင်တွေကို ချဉ်းကပ်ရာမှာ အောက်ခြေကနေ ပုန်းလျှိုးကွယ်လျှိုး ချောင်းမြောင်းပြီး လျှင်မြန်စွာ ဖမ်းယူတိုက်ခိုက်နိုင်ကြတာ ဖြစ်ပါတယ်။

Photo Credit – From Google
Photo Credit – From Google

သူတို့ရဲ့ နောက်ကျောတစ်လျှောက်မှာတော့ အဆိပ်များထုတ်လွှတ်တဲ့  ကျောရိုး ၁၃ ချောင်းပါရှိပါတယ်။ တကယ်လို့ သင်ဟာ ပင်လယ်ကမ်းခြေတွေမှာ သွားရောက် အပန်းဖြေပြီး ရေဆော့ကစားတဲ့အခါ ဒီကျောက်ငါးတစ်ကောင်ကို အမှတ်မထင် နင်းမိမယ်ဆိုရင် သူတို့က အသက်အန္တရာယ်မစိုးရိမ်ရပေမယ့် ကိုက်ခဲခြင်း ၊ နာကျင်ခြင်း ၊ ရောင်ရမ်းခြင်း ၊ တစ်နာရီခန့်ကြာမျှ လေးတုံးခြင်း ၊ အရေပြားကင်ဆာ (တစ်သျှူးသေခြင်း) နှင့် သေဆုံးခြင်းတို့ကို ခံစားရမှာ ဖြစ်ပါတယ်။

Photo Credit – From Google

သတင်းအရင်းမြစ်: Source - oceanconservancy

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။