အုတ်ဂျုံ၊ အခွံမာသီးနဲ့ ပဲပရိုတင်းတို့လို အပင်အခြေခံနို့နို့တွေဟာ နွားနို့နဲ့ အစားထိုးဖို့ ရေပန်းစားလာပါပြီ။ ဒါပေမယ့် နို့ဆိုမှနို့ဖြစ်နေသူတွေအတွက်တော့ နွားနို့က အကောင်းဆုံး ရွေးချယ်မှုလား ဒါမှမဟုတ် ဆိတ်နို့က ပိုကောင်းမလား။ နွားနို့နဲ့ ဆိတ်နို့ရဲ့ အကျိုးကျေးဇူးများနှင့် အားနည်းချက်များကို နှိုင်းယှဉ်ဖို့ ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိမှုကို ဖော်ပြပေးလိုက်ပါတယ်။ သူတို့ဟာ တိရစ္ဆာန်ထွက်ပစ္စည်းများဖြစ်တာကြောင့် နွားနို့နဲ့ ဆိတ်နို့ဟာ ပြီးပြည့်စုံတဲ့ ပရိုတင်းများဖြစ်ပါတယ်။

တစ်နည်း‌ပြောရရင် သူတို့မှာ စွမ်းအင်ထုတ်လုပ်ခြင်း၊ တစ်သျှူးပြုပြင်ခြင်းနှင့် ကြွက်သားတည်ဆောက်ခြင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ် ကိုးမျိုးလုံး ပါဝင်ပါတယ်။ ဆိတ် နှင့် နွားနို့ နှစ်မျိုးလုံးဟာ သဘာဝအတိုင်း ကယ်လစီယမ် ကြွယ်ဝပြီး alt-နို့ အများစုနှင့် မတူဘဲ သဘာဝအတိုင်း မြင့်မားပါတယ်။ " နို့အမျိုးအစားနှစ်မျိုးစလုံးဟာ ကျွန်တော်တို့နေ့စဥ်လိုအပ်တဲ့ ကယ်လ်စီယမ်ရဲ့ သုံးပုံတစ်ပုံခန့်ကို ထောက်ပံ့ပေးပါတယ်” လို့ အာဟာရနှင့် အစားအသောက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Julie Stefanski, MEd, RDN ကပြောပြခဲ့ပါတယ်။ "အခြားအစားအစာအနည်းငယ်က ဒီအကျိုးကျေးဇူးကိုပေးတတ်ပါတယ်။"

နို့ထွက်တစ်ခုစီတိုင်းမှာ ဗီတာမင် A နှင့် D နှင့် မဂ္ဂနီဆီယမ်၊ ဖော့စဖရပ် နှင့် ပိုတက်စီယမ်တို့လို သတ္တုဓာတ်များ ကြွယ်ဝပါတယ်။ အာဟာရအရ ဆိတ်နို့ဟာ အဆီနှင့် ကယ်လိုရီ အနည်းငယ် ပိုများသလို နွားနို့ထက် ဗီတာမင်၊ သတ္တုဓာတ်နှင့် ပရိုတင်းဓာတ် ပိုများပါ‌သေးတယ်။ သူတို့ဟာ အရသာအရ သိသိသာသာ ကွဲပြားပါတယ်။ ဆိတ်နို့ဟာ အဆီဥများ အရွယ်အစားကြောင့် နွားနို့ထက် အစာကြေလွယ်နိုင်ပါတယ်။ ဆိတ်နို့ဟာ သဘာဝသကြားဓာတ် (lactose) မှာ အနည်းငယ်နည်းတာမို့ သကြားဓာတ် မခံနိုင်သူများအတွက် အစာချေဖျက်ဖို့ ပိုမိုလွယ်ကူစေပါတယ်။ အကုန်ချုပ်ပြောရရင်တော့ ဆိတ်နို့က နွားနို့ထက်ပိုကောင်းပြီး ကျန်းမာရေးနဲ့ ပိုညီပါတယ်။

သတင်းအရင်းမြစ်: mind body green

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။