အင်ဒီးစ်ဘုရင်မ လို့ အမည်ရတဲ့ ပန်းပင်ကတော့ ကမ္ဘာပေါ်မှာ ရှားပါးမျိုးစိတ် ပန်းပွင့်မှု အနှေးကွေးဆုံးအပင် ဖြစ်ပါတယ်။ ဒီအပင်ရဲ့ မျိုးစိတ်က နေရာဒေသတိုင်းမှာ မပေါက်ရောက်ကြပါဘူး။ လီးဗီးယားတောင်တန်းများ ၃,၉၆၀ မီတာ ( ၁၂,၉၉၂ ပေ ) အမြင့်မှာပဲ ပေါက်ရောက်ရှင်သန်ကြတာဖြစ်ပါတယ် ။

Photo Credit – From Google

အင်ဒီးစ်ဘုရင်မပင်ရဲ့ ပုံစံက အောက်ပိုင်းက လုံးဝိုင်းပြီး အလယ်မှာတော့ အလွန်မြင့်မားတဲ့ ဒေါင်လိုက်အညှာကြီးရှိပါတယ်။ သုတေသနအရဆိုရင် ဒီအပင်မျိုးစိတ်ရဲ့ သက်တမ်းက နှစ် ၈၀ မှ ၁၅၀ ခန့်အထိရှင်သန်ကြတယ်လို့ ဆိုပါတယ်။

Photo Credit – From Google
Photo Credit – From Google

သူ့ရဲ့အပွင့်ကတော့ ရှင်သန်ပေါက်ရောက်ခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ တစ်ကြိမ်မျှသာပဲ ဖူးပွင့်ကြတာပါ။ အင်ဒီးစ်ဘုရင်မပင်ရဲ့ ထူးခြားချက်ကတော့ ပန်းပွင့်ပြီးတာနဲ့ အပင်က သေသွားပါတယ်။  အလယ်ရဲ့ အညှာက ၁၀ မီတာအထိရှိကြပြီး ပန်းပွင့်ထောင်ပေါင်းများစွာအနက် အစေ့ ၈ သန်းမှ ၁၂ သန်းအထိရှိကြပါတယ်။

Photo Credit – From Google
Photo Credit – From Google

ဒါပေမယ့် အခုမြင်တွေ့နေရတဲ့ အင်ဒီးစ်ဘုရင်မပင်တွေက သက်တမ်း ၂၈ နှစ်လောက်ပဲ ရှိပါသေးတယ်။ ဒီအပင်တွေ ဘာကြောင့် အချိန်စောစော ပန်းပွင့်နေတာလဲဆိုတာ ကျွန်တော်လည်း မသိပါဘူး။ ရုက္ခဗေဒပညာရှင်တွေကိုယ်တိုင်က ဒါကို သုတေသန လုပ်ဆောင်ခဲ့ပြီး နေရောင်ကြောင့်လို့လည်း ယူဆခဲ့ကြပါတယ်။

Photo Credit – From Google

သတင်းအရင်းမြစ်: Source - botanicalgarden

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။