ကြယ်ငါးတွေဟာ မျက်လုံးရှိပုံမပေါ်ပေမယ့်လည်း သူတို့မှာ ကျွန်တော်တို့ရဲ့ မျက်လုံးနဲ့မတူတဲ့ မျက်လုံးတွေရှိကြပါတယ်။ ကြယ်ငါးတစ်ကောင်ဟာ အသေးစိတ်အချက်အလတ်များစွာကို မမြင်နိုင်ပေမယ့်လို့ အလင်းနှင့်အမှောင်ကို သိရှိနိုင်တဲ့ မျက်လုံးများရှိပါတယ်။ ဒီမျက်လုံးစက်များဟာ လက်တစ်ခုစီရဲ့ ထိပ်မှာ ရှိပါတယ်တဲ့။ ဆိုလိုတာကတော့ လက် ၅ ခုရှိတဲ့ ကြယ်ငါးမှာ မျက်လုံးငါးလုံးပါရှိပြီး လက်အခု ၄၀ ရှိတဲ့ ကြယ်ငါးမှာ မျက်လုံး အလုံး ၄၀ ရှိကြပါတယ်။

ကြယ်ငါးတစ်ကောင်ရဲ့ မျက်လုံးများဟာ သူ့ရဲ့ အရေပြားအောက်မှာ ရှိနေ‌ပေမယ့်လည်း မျက်လုံးတွေကို သင်ဟာ မြင်နိုင်ပါတယ်။ တကယ်လို့ သင်က ကြယ်ငါးတစ်ကောင်ကို ညင်သာစွာ ဆုပ်ကိုင်ဖို့ အခွင့်အရေးမယ်ဆိုရင် သူတို့ဟာ လက်နှစ်ဖက်ကို အပေါ်ဘက် စောင်းသွားတတ်ပါတယ်။ အဲ့ဒီအခါ သူတို့ရဲ့ ထိပ်ဖျားကိုကြည့်လိုက်မယ်ဆိုရင် အနက်ရောင် သို့မဟုတ် အနီစက်ကို သင်တွေ့ရမှာပါ။ အဲဒါ ကတော့ မျက်လုံးနေရာပါ။

ပင်လယ်ကြယ်ငါးရဲ့ မျက်လုံးဟာ အလွန်သေးငယ်ပါတယ်။ အပြာရောင်ကြယ်ငါးဆိုရင်တော့ သူတို့ရဲ့မျက်လုံးဟာ မီလီမီတာဝက်ခန့်သာ ကျယ်ဝန်းပါတယ်တဲ့။ ကြယ်ငါးများဟာ ရွေ့လျားဖို့ အသုံးပြုတဲ့ ပြွန်ခြေထောက်များရှိကာ လက်တစ်ဖက်စီရဲ့ အောက်ဘက်မှာ အစွန်းတစ်ခုရှိပါတယ်။ မျက်လုံးဟာ လက်တစ်ဖက်စီရှိ ပြွန်တစ်ခုရဲ့ အဆုံးမှာ တည်ရှိပါတယ်။ သူတို့ဟာ အင်းဆက်နဲ့တူတဲ့ ပေါင်းစပ်မျက်လုံးတစ်ခုဖြစ်ပေမယ့်လည်း အလင်းကို အာရုံစူးစိုက်ဖို့ အင်္ဂါတော့ မရှိပါဘူး။ ဒီလိုမျိုး အင်္ဂါမရှိတာကြောင့် မျက်လုံးဟာ အလင်း၊ အမှောင်နှင့် ကြယ်ငါးတွေနေထိုင်ဖို့ လိုအပ်တဲ့ သန္တာကျောက်တန်းလို ကြီးမားတဲ့ ဖွဲ့စည်းပုံများမှလွဲပြီး တခြားအရာတွေကို မြင်နိုင်စွမ်းလျော့နည်းစေပါတယ်။

သတင်းအရင်းမြစ်: Thought co

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။