ငှက်များဟာ အမွှေးရှိတဲ့ (ငှက်တွေကအမွှေး ခြင်္သေ့လို့အကောင်တွေက ဆံပင်မွှေးပါ) တစ်ခုတည်းသော သက်ရှိသတ္တဝါအုပ်စုဖြစ်ပါတယ်။ ယေဘုယျအားဖြင့်ပြောရရင် ငှက်ကြီးလေ ငှက်မွှေးအရေအတွက်များလေဖြစ်ပါတယ်။

တကယ်တော့ တစ်စုံတစ်ယောက်ဟာ Tundra Swan (ငန်း) မှာရှိတဲ့ အမွေးအတောင်တွေကို ရေတွက်ဖို့ အချိန်ယူခဲ့ရပါတယ်။ အမွှေးစုစုပေါင်းဟာ နှစ်သောင်းငါးထောင် နှစ်ရာတဆယ့်ခြောက်မွှေးဖြစ်ပြီး အနည်းဆုံး 80% ဟာ ငန်းရဲ့ ရှည်လျားတဲ့ လည်ပင်းမှာ ရှိနေပါတယ်။

ငန်းများဟာ အမွေးများစွာရှိပြီး ကြီးမားတဲ့ငှက်များဖြစ်တာကတော့ သေချာပါတယ်။ ဒါပေမယ့် ပင်ဂွင်းတွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်အနှံ့ အမွေးလေးတွေ အများကြီးရှိတာကြောင့် လက်ရှိ အမွေးများဆုံးမှတ်တမ်းကို ရယူဖို့ အလားအလာ ပိုရှိပုံ ပေါ်ပါတယ်။ အချို့ပင်ဂွင်းများဟာ ငန်းများလိုပဲ ကြီးမားပါတယ်။

သတင်းအရင်းမြစ်: Bird note

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။