နက္ခတ်ပညာရှင်တွေက ဂလက်ဆီတွေကို ဘီလီယံနဲ့ချီပြီး လေ့လာဖို့ ကူညီပေးမယ့် ကမ္ဘာ့အကြီးဆုံး ဒစ်ဂျစ်တယ်ကင်မရာကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် SLAC အမျိုးသားအရှိန်မြှင့်စက်ခန်းမှာ ထုတ်ဖော်ပြသခဲ့ပါတယ်။ ကင်မရာက ၁.၆၅ မီတာမြင့်ပြီး အလေးချိန် ၃ တန်ရှိပါတယ်၊ အကြမ်းဖျင်းအားဖြင့်တော့ ကားသေးရဲ့ အရွယ်အစားလောက်ရှိပါတယ်။

Photo Credit – CGTN
Photo Credit – CGTN

အဆိုပါ 3,200-megapixel အာရုံခံကိရိယာက ၁၅ မိုင်လောက်က ဂေါက်သီးအရွယ်အစားလောက် သေးငယ်တဲ့ အရာဝထ္ထုကိုတောင် ထောက်လှမ်းနိုင်စွမ်းရှိပါတယ်။ ဆိုလိုတာက ဒီကင်မရာဟာ သိပ္ပံပညာမှ မဖော်ထုတ်ရသေးတဲ့ စကြဝဠာရဲ့  အစိတ်အပိုင်းများကို နက္ခတ္တဗေဒပညာရှင်များ မြင်နိုင်အောင် ကူညီပေးမှာ ဖြစ်ပါတယ်။

Photo Credit – CGTN

သိပ္ပံပညာရှင်တွေ ဖန်တီးထားတဲ့ Legacy Survey of Space and Time (LSST) ကင်မရာကြီးရဲ့ တန်ဖိုးဟာ ၁၆၈ မီလီယံရှိပြီး တည်ဆောက်ပြီးစီးဖို့ အချိန် ၇နှစ် ကြာ ခဲ့ရပါတယ်။ ဒီကင်မရာကြီးမှာ တပ်ဆင်ထားတဲ့ 3,200 Megapixels Sensor ကြောင့် ကမ္ဘာ့အကြီးဆုံး ဒစ်ဂျစ်တယ် ကင်မရာအဖြစ် ဂင်းနစ်မှတ်တမ်း ဝင်သွားခဲ့ပါတယ်။

Photo Credit – CGTN

သတင်းအရင်းမြစ်: Source – CGTN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။