သက်တံဟာ ယဉ်ကျေးမှုနှင့် သာသာတရားတွေမှာ သင်္ကေတတစ်ခုဖြစ်ပြီး  အဓိပ္ပါယ်များရှိကြပါတယ်။ အချို့ဘာသာတရားတွေရဲ့ အယူအဆတွေမှာ သက်တံများဟာ သေဆုံးသွားသူများအတွက် ကောင်းကင်ကို သွားနိုင်တဲ့ လမ်းလို့လည်း ယုံကြည်ထားကြပါတယ်။

Photo Credit – From Google

ဘယ်လိုတွေပဲ ယူဆယူဆ သဘာဝတရားရဲ့ ဖြစ်စဉ်များကို ကြည့်မယ်ဆိုရင်တော့ သက်တံ့ဆိုတာက လေထဲမှာရှိတဲ့ ရေစက်များမှ နေရောင်ခြည်များ ပေါက်ထွက်လာတဲ့အခါ ဖြစ်လာတဲ့ ဖြစ်စဉ်တစ်ခုပါ။

Photo Credit – From Google

ဆိုလိုတာက မိုးရွာပြီးတဲ့နောက် လေထဲမှာ ရေအမှုန်အမွှားလေးများ ကျန်ရှိနေချိန် ညာဘက်ထောင့်က နေရောင်ခြည်ဟာ အဆိုပါ ရေစက်ကလေးများကို ထိမှန်ပြီး အလင်းရောင်ဟာ အလင်းတန်းရဲ့ သီးခြားအရောင်များအဖြစ်သို့ ကွဲထွက်သွားတာ ဖြစ်ပါတယ်။ ဒါပေမယ့် သက်တံမြင်ဖို့အတွက် ဖြစ်ပေါ်လာရမယ့်  အရာသုံးမျိုးရှိပါတယ်။

Photo Credit – From Google

အရင်ဆုံး နေက ထောင့်မှန်ဖြစ်ရမယ်၊ ပြီးတော့ ကောင်းကင်ကလည်း နိမ့်နေဖို့ လိုအပ်ပါတယ်။ ဒါကလည်း ကျွန်တော်တို့ နေတဲ့ တစ်ဖက်ခြမ်းပေါ်မှုတည်တာဖြစ်လို့ နံနက် ဒါမှမဟုတ် ညနေပိုင်းတွေမှာ ဖြစ်ပေါ်နိုင်ပါတယ်။

Photo Credit – From Google

နောက်တစ်ခုက သက်တံပိုပြီးတောက်ပဖို့ဆိုရင် ကောင်းကင်မှာ ရေစက်ပမာဏက မှန်ကန်ဖို့လည်း လိုအပ်ပါတယ်။ သက်တံ့များကို ကြည့်ဖို့ အကောင်းဆုံးနေရာကတော့ အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီရှိကျွန်းဆွယ်များဖြစ်ပါတယ်။ အဲ့ကျွန်းဆွယ်များမှာ ထူးခြားပြီး စံသတ်မှတ်ချက်တစ်ခုထက် ကျော်လွန်တဲ့ အကောင်းဆုံး သက်တံများရှိလို့ပါပဲ။  

Photo Credit – From Google

သတင်းအရင်းမြစ်: Source - activityauthority

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။