သဘာဝတရားကြီးရဲ့ ဖြစ်ရပ်ဆန်းတွေကတော့ တကယ့်ကိုအံ့သြစရာကောင်းတယ်ဆိုတာ ဒီပုံတွေက သက်သေပါပဲ။ ဒါကတော့ မစ်ရှီဂန်ပြည်နယ်၊ Sparta မြို့ခံတစ်ဦးရိုက်ထားတဲ့  ဆောင်းရာသီရဲ့ အလှဆုံးပုံစံများထဲမှ တစ်ခုပဲ ဖြစ်ပါတယ်။

Credit: Andrew Sietsema

အလွန်အေးခဲမှုကြောင့် သစ်ကိုင်းတွေကနေ အံ့သြစရာထွက်‌ပေါ်လာတဲ့ (တစ္ဆေပန်းသီး ) ရေခဲပန်းသီး ပါ။ ဒီရေခဲအသီးတွေကို အချို့က တစ္ဆေပန်းသီးလို့လည်း ခေါ်ကြပါတယ်။ အေးခဲရာကနေ ရေခဲရဲ့ ဖြစ်တည်မှုက သာမန်ပန်းသီးတစ်လုံးနဲ့ ပုံသဏ္ဍာန်အားဖြင့်  အတော်လေးကို တူပါတယ်။

Credit: Andrew Sietsema

ဒေသခံတွေကတော့ အစပိုင်းမှာ မရိတ်သိမ်းရသေးတဲ့ ပန်းသီးများက အလွန်အေးခဲတဲ့ အအေးဒဏ်ကြောင့် ဖန်လုံးတစ်လုံးလို ဖြစ်ပေါ်ခဲ့တာလို့ ထင်ကြေးပေးကြပါတယ်။ နောက်တော့ သေချာစစ်ဆေးကြည့်မှသာ အေးခဲနေတဲ့ ရေခဲဖြစ်နေမှန် သိခဲ့ရတာပါ ။

Credit: Andrew Sietsema

ရေခဲရဲ့ အထူကတော့ ၁ လက်မကနေ ၂ လက်မထိရှိကြပါတယ်။ ရေခဲကနေ သဘာဝအတိုင်း ပန်းသီးတစ်လုံးလို ပုံဏ္ဍာန်တူနေတာကတော့ ဒါဟာ တစ်သက်မှာ တစ်ခါတောင် တွေ့ရခဲတဲ့ ဖြစ်စဉ်တစ်ခုလို့တောင် ပြောလို့ရပါတယ်။  

Credit: Andrew Sietsema

သတင်းအရင်းမြစ်: Source - CNN Español

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။