ကမ္ဘာပေါ်မှာ ငှက်မျိုးစိတ်ပေါင်း သန်းနဲ့ ချီရှိကြပြီး အဲ့ဒီထဲမှာ သဘာဝတရားကြီးက အလှကိုယ်စီချီးမြှောက်ထားတဲ့ ထူးခြားအံ့သြစရာ ငှက်မျိုးစိတ်တွေလည်းရှိကြပါတယ်။  ယခုဖော်ပြပေးမှာကတော့ သဘာဝတရားရဲ့ အလှကို ပိုင်ဆိုင်ထားတဲ့ ပရဒိသုရဲ့ အဝါရောင်ငှက်ကြီး (Paradisaea apoda) ရဲ့ အကြောင်းပါ။ Paradisaea apoda ငှက်တွေဟာ အရှည် ၄၃ စင်တီမီတာခန့် ရှည်လျားပြီး အညို ၊  အဝါ ၊ အနက်နှင့် အဖြူ စတဲ့အရောင်များ ပေါင်းစပ်ထားတဲ့ ကိုယ်ရည်ကိုယ်သွေးတွေနဲ့ လှပနေတဲ့ ငှက်မျိုးစိတ်ဖြစ်ပါတယ်။

Photo Credit – From Google

ငှက်အထီးတွေကတော့ သူတို့ရဲ့ နောက်မှာ အဖြူနှင့်အဝါ ပါတဲ့ ရှည်လျားတဲ့ ဖင်မြီးတစ်စုံပါရှိကြပါတယ်။ ထူးခြားတာက မိတ်လိုက်ရာသီတွေမှာဆိုရင် အဝါရောင်အထီးကြီးတွေက အမတွေကို မျက်စိကျအောင် ဆွဲဆောင်တဲ့အနေနဲ့ လေချွန်ပြီး ယိမ်းနွဲ့ကာ ကပြဖျော်ဖြေကြရပါတယ်။

Photo Credit – From Google

တခါတရံ တောထူထပ်ပြီး အလွန်မြင့်မားတဲ့ သစ်ပင်ကြီးများပေါ်မှာ အသိုက်များဆောက်လုပ်ပြီး တစ်ကောင်တည်းနေထိုင်ကြပါတယ်။ ပုံမှန်အားဖြင့် အသိုက်များကို သစ်ပင်ရဲ့ အကိုင်းအခက်များပေါ် ဒါမှမဟုတ် သစ်အခေါင်းပေါက်တွေထဲမှာ လုပ်ကြပါတယ်။

Photo Credit – From Google
Photo Credit – From Google

အမများကတော့ မိတ်လိုက်ရာသီပြီးနောက်မှာ ဥ ၂ လုံး မှ ၃ လုံးအထိပဲ ဥကြပါတယ်။ သုတေသီများရဲ့ လေ့လာချက်များအရ  ပရဒိသုရဲ့ အဝါရောင်ငှက်များဟာ Paradisaea မျိုးစုမှာ  အကြီးဆုံးငှက်မျိုးစိတ်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

Photo Credit – From Google

သူတို့  Irian ကျွန်းနှင့် အင်ဒိုနီးရှားနိုင်ငံ Aru ကျွန်း အနောက်တောင်ဘက်ရှိ မြေနိမ့်ပိုင်း သစ်တောများနှင့် တောင်ကုန်းများမှာ ကျက်စားနေထိုင်ကြပါတယ်။ သူတို့ရဲ့ အစာကတော့ သစ်သီးများ ၊ အစေ့များနှင့် အင်းဆက်ငယ်များကို ရှာဖွေစားသောက်ကြပါတယ်။ Paradisaea ငှက်မျိုးစိတ်ကတော့ ရှားပါးငှက်မျိုးစိတ်ထဲမှာ ပါဝင်ပါတယ်။

Photo Credit – From Google

သတင်းအရင်းမြစ်: Source - ASEAN World 24 - Southeast Asia Network

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။