ဦးခေါင်းထက်မှာ ဒေါင်းတွေလို အမောက်များပါတဲ့ Goura scheepmakeri လို့ခေါ်တဲ့ သရဖူဆောင်းခိုတွေကတော့ ခိုမျိုးစိတ်တွေမှာ အထူးခြားဆုံးပါ။  သရဖူဆောင်း ခိုငှက်တွေကို အချို့က ‌ဒေါင်းမျိုးနွယ်ဝင်လို့တောင် ထင်ကြေးပေးကြပါသေးတယ်။ သူတို့က ရှားပါးမျိုးစိတ်ဖြစ်တာကြောင့် နေရာဒေသတိုင်းမှာ တွေ့ရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

Photo Credit – From Google

 ဒါပေမယ့် နယူးဂီနီအရှေ့တောင်ပိုင်းရှိ မြေနိမ့်ပိုင်းသစ်တောများမှာတော့ ဒီငှက်တွေကို အများအပြား တွေ့ရနိုင်ပါတယ်။  သရဖူဆောင်းခိုက ငှက်ဆိုပေမယ့် ကောင်းကင်မှာပဲ ပျံသန်းနေတာတော့ မဟုတ်ပါဘူး။ ကုန်းပေါ်မှာပဲ အမြဲသွားလာ ကျက်စားနေထိုင်တဲ့ ကုန်းခိုများဖြစ်ပါတယ်။

Photo Credit – From Google

သရဖူးဆောင် ခိုက ကျွန်တော်တို့ အနီးပတ်ဝန်ကျင်မှာ နေ့စဉ်မြင်တွေ့ရတဲ့ သာမန်ခိုတွေနဲ့ မတူတာတော့ အမှန်ပါ။ သူတို့ရဲ့ မွေးအမှင်က ရင်ဘက်ရှိ အလွန်နက်နဲတဲ့ အညိုရောင်မှလွဲပြီး ကျန်အမွေအမှင်များကတော့ အပြာရင့်ရောင်ဖြစ်ပါတယ်။

Photo Credit – From Google

 ပြီးတော့ လှပတဲ့ ချည်သားအမောက်များလည်းပါရှိတဲ့ အပြင် တောက်ပတဲ့ အနီရောင်မျက်ဝန်းတစ်စုံကိုလည်း ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ သရဖူဆောင်းခိုများကတော့ ပျမ်းမျှအားဖြင့် ၇၀ စင်တီမီတာ ( ၂၈ လက်မ) ထိရှည်ပြီး အလေးချိန်က ၂,၂၅၀ ဂရမ်း (၅ ပေါင်) ရှိပြီး ဝိတိုရိယသရဖူဆောင်းခို ပြီးရင် သူက ဒုတိယအကြီးဆုံး ခိုမျိုးစိတ်လည်း ဖြစ်ပါတယ်။

Photo Credit – From Google
Photo Credit – From Google

သတင်းအရင်းမြစ်: Source - en.wikipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။