လိပ်ပြာထဲမှာ အကြီးဆုံးလိပ်ပြာကတော့ Giant Swallowtail ပဲဖြစ်ပါတယ်။ Giant Swallowtail က မြောက်အမေရိကရှိ လိပ်ပြာများအားလုံးမှာ အကြီးဆုံးဖြစ်ပြီး Tiger Swallowtails လိပ်ပြာတွေနဲ့ အကောင် အရွယ်အစားချင်းတူပေမယ့်  Swallowtails ရဲ့ အရွယ်အစားက အနည်းငယ်ပိုပါတယ်။ အထီးရော အမရော နှစ်ဦးစလုံးရဲ့ အတောင်ပံများမှာ အလျာလိုက်အဝါရောက်အကွက်ကြီးများအပြင် အညိုရောင် အတောင်ပံများလည်း ရှိကြပါတယ်။ အများအားဖြင့် သူတို့ရဲ့ အောက်ပိုင်းနှင့် ခန္ဓာကိုယ်ကတော့ အဝါရောင်ဖြစ်ပါတယ်။

Photo Credit - From Google

Swallowtails တစ်ကောင်ရဲ့ အရွယ်အစားကတော့ ပုံမှန်အားဖြင့် ၄ လက်မ မှ ၆ လက်မ ဝန်းကျင်အထိရှိကြပါတယ်။ Swallowtails မျိုးစိတ်များကတော့ အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်း အနှံ့အပြားမှာ ပိုမိုတွေ့ရပြီး အမေရိကန် အနောက်တောင်ပိုင်းနှင့် ကယ်လီဖိုးနီးယားတောင်ပိုင်းတို့မှာလည်း ရှိကြပါတယ်။

Photo Credit - From Google

 မျိုးပွားတာကတော့ ပုံမှန်နှစ်တစ်နှစ်မှာ သားပေါက်နှုန်းက ၂ ကောင်မှ ၃ ကောင်အထိသာပေါက်ကြတာ ဖြစ်ပါတယ်။ Giant Swallowtail ရဲ့ အကြိုက်ဆုံးဝတ်ရည်အပင်အချို့ကတေ့ Milkweed၊ Lantana၊ Butterfly Bush၊ Zinnia နှင့် အခြား အပင်များ ဖြစ်ပါတယ်။

Photo Credit - From Google

Giant Swallowtail  လိပ်ပြာတွေကို သင်အပြင်မှာ မြင်ဖူးမယ်ဆိုရင်တော့ အံ့အားမှာတော့ သေချာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးက အခြားလိပ်ပြာများတွေထက် ထူးကဲလှပနေလို့ပါ။ Giant Swallowtail လိပ်ပြာမှန်း အလွယ်တကူ သိနိုင်တဲ့ ပိုမိုထင်ရှားစေတဲ့ လက္ခဏာရပ်ကတော့ သူတို့ နောက်မှာရှိတဲ့ အမြီးက ပိုရှည်ကြပါတယ်။

Photo Credit - From Google
Photo Credit - From Google

သတင်းအရင်းမြစ်: Source - butterfliesathome

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။