လွန်ခဲ့တဲ့နှစ်ပေါင်း ၅၂၀၀ ‌ကျော် Neolithic ခေတ်က တည်ဆောက်ထားတဲ့ Newgrange megalithic ဂူသင်္ချိုင်းကြီးကတော့ တကယ်ကိုလျှို့ဝှက်ဆန်းကြယ်ပြီး အံ့အားစရာတွေနဲ့ ပြည့်နှက်နေတဲ့ဂူကြီးတစ်ခုပါ။ ဒီဂူသင်္ချိုင်းကြီးက အီဂျစ်နိုင်ငံ Giza ပိရမစ်များထက် နှစ်ပေါင်း ၆၀၀ သက်တမ်းရှိပြီး Stonehenge ထက် နှစ် ၁၀၀၀ ထိသက်တမ်းပိုကြာပါတယ်။ ထူးခြားတာတစ်ခုကတော့ Newgrange ဂူကြီးရဲ့ ဗိသုကာလက်ရာများက ယနေ့ခေတ်မှာ တွေ့ရတဲ့ လက်ရာတွေနဲ့ မတူပါဘူး။

Photo Credit - From Google
Photo Credit - From Google

ဂူကိုတည်ဆောက်ထားတဲ့ ဒီဇိုင်းက စက်ဝိုင်းပုံသဏ္ဍာန်ရှိပြီး ခရုပတ်များနှင့် အမြှေးပါးများဖြင့် အလှဆင်ထားဖြစ်ပါတယ်။ ရှေးဟောင်းဗိသုကာပညာရှင်များက ဂူကိုအလှဆင်ဖို့ ပုံဖော်ထားတာဖြစ်ပေမယ့် သုတေသနပညာရှင်များကတော့ အဆိုပါ လက်ရာများဟာ စွမ်းအင်ဖန်တီးသည့်သင်္ကေတများ ဒါမှမဟုတ် နေ၊ လနှင့် ကြယ်များနှင့် ဆက်နွှယ်တဲ့ နိမိတ်ပုံများလို့ ယုံကြည်ခဲ့ကြပါတယ်။ အချို့ကတော့ ဒီနေရာဟာ အလွှာပေါင်းစုံအတွက် ကုစားနိုင်တဲ့ စွမ်းအင်ကို သိုလှောင်ရာနေရာလို့ ယုံကြည်ကြပါတယ်။

Photo Credit - From Google

အချို့ကလည်း ဘယ်သူတွေက Newgrange ကို ဆောက်တာလဲလို့ မေးခွန်းထုတ်ကြပါတယ်။ မှတ်တမ်းတွေအရဆိုရင် ဂူကြီးရှိတဲ့ နေရာဒေသက အရင်က အိုင်ယာလန်လူမျိုး (“Milesians”) များနေထိုင်ခဲ့ကြပြီး သူတို့နှင့် ဆက်နွယ်မှုရှိနိုင်တယ်လို့ ဆိုကြပါတယ်။

Photo Credit - From Google

အဆိုပါနေရာမှာ တူးဖော်တဲ့အခါမှာ မီးလောင်ထားတဲ့ လူ့အရိုးအကြွင်းအကျန်များကို တွေ့ရှိခဲ့ကြပါတယ်။ အချို့က Newgrange အသိုက်အဝန်းက ကွယ်လွန်သူအပေါ် အာရုံပြုတဲ့ကိုးကွယ်ယုံကြည်သူများ ဖြစ်တယ်လို့ ဆိုကြပါတယ်။ သင်တို့ရော Newgrange megalithic ဂူသင်္ချိုင်းကြီးကို ဘယ်လိုထင်ကြလဲ..?။

Photo Credit - From Google
Photo Credit - From Google

သတင်းအရင်းမြစ်: Source - gaia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။