Goniurosaurus luii လို့ခေါ်တဲ့ ကျားတောက်တဲ့က တရုတ်နိုင်ငံရဲ့ တိရစ္ဆာန်ရောင်းဝယ်ရေးမှာ အတော်လေးကို အသစ်ဆန်းဖြစ်တဲ့ မျိုးစိတ်တစ်မျိုးပါ ။ ဒီတောက်တဲ့ မျိုးစိတ်က အာဖရိက အဆီဖုံးတောက်တဲ့တွေနဲ့ မျိုးရိုးဆက်စပ်ပါတယ်။ တရုတ်လူမျိုးတွေကတော့ ကျားတောက်တဲ့တွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူကြတာဖြစ်ပါတယ်။

Photo Credit – From Google

သမာန်တောက်တဲ့တွေနဲ့ အရောင်များကွဲပြားကြပေမယ့် ကျန်တဲ့ အသွင်အပြင်က ထူးခြားတာတော့ မရှိပါဘူး။ အရွယ်ရောက်ပြီးတဲ့ တောက်တဲ့တစ်ကောင်က ၈ လက်မမှ ၉ လက်မအထိရှိကြပြီး အကောင်ပေါက်လေးတွေကတော့ ၃ လက်မဝန်းကျင်လောက်ပဲ ရှိတာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးမှာတော့ ခရမ်းရောင်၊ အဝါရောင် ဒါမှမဟုတ် အဖြူရောင်ကြိုများဖြင့် အနှံ့ရစ်ပတ်ထားတာပါ။

Photo Credit – From Google

တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာပြီဆိုရင်တော့ ရွှေရောင်အဖြစ်သို့ ပြောင်းလဲသွားပါတယ်။ အံ့သြစရာကောင်းတာက တရုတ်ကျားတောက်တဲ့တွေက အေးဆေးတည်ငြိမ်ပေမယ့် သူတို့ကို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်မယ်ဆိုရင်တော့ အကိုက်ခံရဖို့ ရာခိုင်နှုန်းများပါတယ်။ ပြောရမယ်ဆိုရင် အနေအေးသလောက် ဒေါသအရမ်းကြီးကြတဲ့ သူတွေပါ။ ပြီးတော့ ကိုင်တွယ်တဲ့ အခါမှာလည်း လက်ပေါ်မှာ ခုန်ပေါက်ပြီး ပြုတ်ကျတတ်လို့ သခင်တွေက အတော်လေးကို ဂရုတစိုက်နဲ့ ကိုယ်တွယ်ရပါတယ်။

Photo Credit – From Google

ကျားတောက်တဲ့တွေ ကြိုက်တဲ့ အစားစာက အင်းဆက်တွေပါ။ ဒါပေမယ့် သူတို့ အမဲလိုက်ပြီဆိုရင်တော့ ပုရစ်တွေကိုပဲ အဓိကရွေးချယ်ကြပါတယ်။ ဒါမှမဟုတ်ရင်တော့ ဖယောင်းပိုးများ၊ အစာစားပိုးများနှင့် ဖီးနစ်သန်ကောင်များကို ရံဖန်ရံခါ စားသုံးကြပါတယ်။

Photo Credit – From Google

သင်က တောက်တဲ့ ချစ်တဲ့သူဆိုရင် အရောင်အသွေးစုံလင်တဲ့ ကျားတောက်တဲ့လေးတွေကို မွေးမြူစေချင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက တောက်တဲ့ ချစ်သူတွေလည်း ဒီတရုတ်ကျားတောက်တဲ့တွေကို သဘောကျမိမှာတော့ သေချာပါတယ်။

Photo Credit – From Google

သတင်းအရင်းမြစ်: Source - reptilesncritters

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။