ကလေးမွေးခါနီးမှာ မ‌မွေးဖွားပဲ ရပ်တန့်ပြီး အချိန်မှန်နေရာမှန်ရောက်မှ မွေးဖွားတယ်ဆိုတာ သိပ္ပံဇာတ်လမ်းတွေလိုမျိုးဖြစ်နေပေမယ့် နို့တိုက်သတ္တဝါတွေအတွက်တော့ ဒါဟာ သူတို့ရဲ့ကလေးကို စောင့်ရှောက်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာဖြစ်ပါတယ်။ သူတို့တွေ ဒီလိုမွေးခါနီးအခြေအနေကို ထိန်းထားနိုင်တာ မယုံနိုင်စရာပါပဲ။

သိပ္ပံပညာရှင်တွေက တိရစ္ဆာန်တွေရဲ့ ဒီထူးခြားချက်ကို ၁၈၅၀ ခုနှစ် ကတည်းက သိရှိခဲ့ကြတာဖြစ်ပါတယ်။ နို့တိုက်သတ္တဝါမျိုးစိတ် 130 ကျော်ဟာ သူတို့ရဲ့ကိုယ်ဝန်ကို ခေတ္တရပ်နိုင်ပါတယ်တဲ့။ ပြီးတော့ သူတို့ရဲ့ ခေတ္တကိုယ်ဝန်ရပ်ခြင်းဟာ ရက်အနည်းငယ်ကနေ ၁၁ လအကြား ကြာရှည်နိုင်ပါတယ်။

ဒါဟာ နို့တိုက်သတ္တဝါအုပ်စုတစ်ခုတည်းတင်မဟုတ်ပါဘူး။ အသားစားသတ္တဝါအများစုဖြစ်တဲ့ ဝက်ဝံများနှင့် ဖျံများအပါအဝင် သူတို့ရဲ့ကိုယ်ဝန်ကို ခေတ္တရပ်ထားနိုင်ပြီး ကြွက်များ၊ သမင်များ၊ သင်းခွေချပ်မျိုးများနဲ့ ပုရွက်ဆိတ်စားကောင်းများလည်း ခုလိုပြုလုပ်နိုင်ပါတယ်။ ကိုယ်ဝန်ခေတ္တရပ်ချိန်အတွက် ဂင်းနစ်မှတ်တမ်းကိုင်ဆောင်ထားသူမှာ သန္ဓေသားလောင်းကို ၁၁ လအထိ ထိန်းထားနိုင်ခဲ့တဲ့ tammar wallaby ပဲဖြစ်ပါတယ်။ သူတို့တွေ ဘယ်လိုရပ်ထားနိုင်လဲဆိုတာကတော့ ခုထိ ပဟေဠိဖြစ်နေစဲပါပဲ။

Tammar Wallaby

သတင်းအရင်းမြစ်: Find an expert

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။