Umibudo လို့ ခေါ်တဲ့ အစိမ်း‌ရောင် ပင်လယ်စပျစ်သီးကတော့ ဂျပန်နိုင်ငံမှာ နာမည်ကြီး ထူးခြားတဲ့ ပင်လယ်အစားစာတစ်မျိုးလို့ ပြောလို့ရပါတယ်။  ပင်လယ်စပျစ်သီးတွေကို အိုကီနာဝါကျွန်းများတစ်လျှောက် ရေအောက်မှာ သဘာဝတိုင်းပေါက်ရောက်တဲ့ ပင်လယ်ရေမှော်တစ်မျိုးဖြစ်ပါတယ်။ သူက အခြားရေမှော်တွေလိုမျိုး အရွက်တွေတော့ အပါပါဘူး ။ ဒါပေမယ့် အဲ့ဒီအစား စပျစ်သီးစိမ်းလေးတွေနှင့် တူတဲ့ အကြည်ရောင်ပူဖောင်းလေးတွေပါတာ ဖြစ်ပါတယ်။ ပင်စည်တစ်ခုလုံး စိမ်းနေတာကြောင့် ကြည့်တာနဲ့တင် စားချင်စရာလေးပါ။

Photo Credit – From Google

ပင်လယ်စပျစ်သီးတွေက ကာရေဘီယံဒေသမှ ဇာတိဖြစ်ပေမယ့် ပစိဖိတ်သမုဒ္ဒရာရဲ့ ဒေသများမှာလည်း ပေါက်ရောက်ကြပြီး နာမည်အမျိုးမျိုးခေါ်ကြလေ့ရှိကြပါတယ်။ ဥပမာ - ဖိလစ်ပိုင်မှာ Guto၊ Arosep သို့မဟုတ် Lato လို့ခေါ်ကြပေမယ့် မလေးရှားမှာတော့ Latok လို့ ခေါ်ကြပါတယ်။

Photo Credit – From Google

 လူတော်တော်များများက ဒီအပင်အကြောင်းကို သိချင်ကြပေမယ့် “ပင်လယ်စပျစ်သီးအရသာက ဘယ်လိုမျိုးလဲ” ဆိုတာ သိချင်နေကြပါတယ်။ ကျွန်တော်အထင်ကတော့ ပင်လယ်စပျစ်သီးအရသာက တော်တော်လေး အရသာရှိမယ့်ပုံပါပဲ။ အချို့စားဖူးတဲ့ သူကတော့ ဂျပန်ပင်လယ်စပျစ်သီးက ထူးခြားတဲ့ အရသာရှိတယ်လို့ ဆိုကြပါတယ်။

Photo Credit – From Google

ပါးစပ်ထဲကို ထည့်လိုက်ပြီဆိုတာနဲ့ ဒီပူဖောင်းလေးတွေကို ဝါးတဲ့အခါ ပေါက်ကွဲအသံလေးနဲ့အတူ ချိုတဲ့အရသာက ပိုတောင့်တင်းပါတယ်။ သူ့ရဲ့အသာက  ဝိုင်၊ စပျစ်သီးနဲ့ ကော့တေးအနည်းငယ် ပေါင်းစပ်ထားတဲ့ အရသာပါ။ ဒါပေမယ့် သမုဒ္ဒရာအရသာ အနည်းငယ် အငန်ဓာတ်တော့ ပါပါတယ်။ သင်လည်း အကယ်၍ ဂျပန်ကိုရောက်ခဲ့မယ်ဆိုရင် နာမည်ကြီး ပင်လယ်စပျစ်သီးအရသာကို တစ်ခါလောက်တော့ မြည်းစမ်းကြည့်ဖို့ အကြံပြုပါရစေ။

Photo Credit – From Google
Photo Credit – From Google

သတင်းအရင်းမြစ်: Source - questionjapan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။