Chow Chow နဲ့ပတ်သက်တဲ့ အရာအားလုံးဟာ ခမ်းနားထည်ဝါပြီး အသွင်အပြင်က ခြင်္သေ့ပုံစံရှိပေမယ့် ဘယ်အရာကမှ သူ့လျှာလောက် မဖမ်းစားနိုင်ပါဘူး။ Chow Chow ရဲ့ အပြာနက်ရောင်လျှာဟာ သူ့ကို အခြားခွေးမျိုးစိတ်တိုင်းနဲ့ မတူပဲ ခြားနားစေပါတယ်။ ဒါပေမယ့် Chows က ဘာကြောင့် အပြာနက်ရောင်လျှာတွေ ရှိ‌နေတာလဲ။

Chow Chows ဟာ ကမ္ဘာပေါ်မှာ အသက်အကြီးဆုံး ခွေးမျိုးစိတ်များထဲက တစ်ခုဖြစ်ပါတယ်။ ဘီစီ 206 လောက်က တရုတ်နိုင်ငံက ပေါ်လာတယ်လို့ ပြောကြပေမယ့် တခြားအထောက်အထားတွေကတော့ ဒီမျိုးစိတ်ဟာ ဒီထက်ပိုနောက်ကျတယ်လို့ ပြောကြပါတယ်။ ဒီလိုမျိုးသမိုင်းကြောင်း ရှိပေမယ့်လို့ သူ့မှာအပြာနက်ရောင် လျှာတွေ ဘာလို့ရှိလဲမသိကြပါဘူး။

ဒါပေမယ့် ပုံပြင်တစ်ပုဒ်တော့ရှိပါတယ်။ ဒီပုံပြင်များထဲမှာတော့ ကမ္ဘာကို ဖန်ဆင်းတဲ့အခါ Chow Chows ဟာ အပြာရောင်ကောင်ကင်ပေါ်က ပြုတ်ကျလာတဲ့ အပိုင်းအစများ ကြယ်များကိုလျှာနဲ့လျက်နိုင်ပါတယ်တဲ့။ ဒီလိုပုံပြင်ရှိပေမယ့်လို့ သူ့လျှာဘာလို့ပြာလဲဆိုတာ ဘယ်သူမှ မသိကြပါဘူး။

လူတွေသိတာက ၁၈၂၀ ခုနှစ်လောက်တုန်းက လန်ဒန်က တိရစ္ဆာန်ရုံမှာ " တရုတ်နိုင်ငံက တောခွေး " ဆိုပြီး ပြသထားတဲ့ Chow ဆိုတဲ့‌ခွေးမှာ အပြာရောင်လျှာရှိတယ်ဆိုတာပဲ သိရှိကြပါတယ်။ ဒါတောင်မှ တိရစ္ဆာန်ရုံက စောင့်ရှောက်ရေးသမားတွေ‌ကြောင့် သိရှိခဲ့ကြတာပါ။ သင်ရောသူတို့လျှာတွေ ဘာကြောင့် အပြာနက်ရောင်ဖြစ်နေတယ်လို့ ထင်ပါသလဲ။

သတင်းအရင်းမြစ်: AKC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။