ဆော်ဒီအာရေဗျနိုင်ငံမှာ The Line Project ရဲ့ ကီလိုမီတာ ၁၇၀ ကျော် ရှည်လျားတဲ့ မှန်လုံမိုးမျှော်တိုက် တစ်နည်းအား အနာဂတ်ရဲ့ ဒေါင်လိုက်မြို့ကြီးကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၆ ရက်နေမှာ စတင်တည်ဆောက်နေပြီလို့ သိရပါတယ်။

အဆိုပါ အနာဂတ်မြို့တော်ဟာ Neom ပရောဂျက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အမြင့်ပေ ၅၀၀ မီတာ ၊ အကျယ် ၂၀၀ မီတာ၊ အလျား ၁၇၀ ကီလိုမီတာထိ ရှည်ပါတယ်။ ပြီးတော့ လူဦးရေ ၉ သန်းအထိ နေထိုင်နိုင်ပြီး AI နှင့် လုပ်ဆောင်ဖို့ စနစ်ကို လည်ပတ်နိုင်တယ်လို့ ဆိုပါတယ် ။

ပရောဂျက် ပထမအဆင့်က ပင်လယ်နီမှာ ၂၀၃၀ ခုနှစ်လောက် ပြီးစီးမည်လို့ ခန့်မှန်းထားပါတယ်။မူလက ဖော်ပြထားတဲ့ပရောဂျက်အရ အနာဂတ်မြို့တော်မှာ နေထိုင်မယ့် သူများဟာ ဆေးရုံများ ၊ အသုံးအဆောင်ပစ္စည်းအရောင်းဆိုင် ၊ စျေးဝယ်စင်တာများ ၊ ကျောင်းများ ၊ အားကစားကွင်းများနှင့် ရုံးခန်းများကို ဒေါင်လိုက်ရော အလျားလိုက်ရော သွားလာနိုင်တယ်လို့ ဆိုပါတယ်။

တောင်ဘတ်စွန်းကနေ မြောက်ဘက်စွန်းကို မြန်နှုန်းမြင့်ရထားဖြင့်သွားမယ်ဆိုရင် မိနစ် ၂၀ လောက်ပဲ ကြာမှာ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။