ကျွန်တော်တို့ ကမ္ဘာပေါ်မှာ နှစ်ရှည်သစ်ပင်ကြီးများစွာရှိပေမယ့် ယနေ့အချိန်ထိ ကမ္ဘာ့အကြီးဆုံး မှတ်တမ်းဝင်ထားတာကတော့ Arbol del Tule လို့ခေါ်တဲ့ ထင်းရူးပင်ကြီးပါ။

Photo Credit - From Google

ဒီထင်ရူးပင်ကြီးက မက္ကဆီကိုနိုင်ငံ Oaxaca ပြည်နယ် Santa Maria del Tule မြို့လယ်မှာ ရှိတာဖြစ်ပြီး သက်တမ်းအားဖြင့် ၁၄၀၀ မှ ၁၆၀၀ ဝန်းကျင်လောက်ရှိပါတယ်။ ကျွန်တော်တို့ မြန်မာတွေ အယူအဆဆိုရင်တော့ မြို့ရဲ့ ဂုဏ်ကျက်သရေဆောင် တစ်ခုတည်းသော အထင်ကရ အပင်ကြီးပေါ့ဗျာ..။

Photo Credit - From Google

Arbol del Tule ဆိုတဲ့ နာမည်က စပိန်ဘာသာစကားဖြစ်ပြီး "Tree of Tule" လို့ အဓိပ်ပါယျရပါတယျ။ ကမ္ဘာပေါ်မှာတော့ အကြီးဆုံးသစ်ပင်ကြီးလို့လည်း ပြောလို့ရပါတယ်။

Photo Credit - From Google

မြေပြင်ကနေအထက် ၁.၃ မီတာခန့်မြင့်ပြီး အချင်း ၃၈ ပေ (၁၁.၆၂ မီတာ) နှင့် လုံးပတ် ၁၁၉ ပေ (၃၆.၂ မီတာ) ရှိထိရှိပါတယ်။

Photo Credit - From Google

ဒါ့အပြင် Arbol del Tule သစ်ပင်ကြီးက အမြင့် ၁၁၆ ပေ (၃၅.၄ မီတာ) ခန့်ရှိပါတယ်။ လက်ရှိမှာတော့ ဒေသတွင်း ရေပန်းအစားဆုံး ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်ထားနိုင်တဲ့ အပင်ကြီးလည်းဖြစ်ပါတယ်။

Photo Credit - From Google

ဒေသခံတွေကတော့ ဒီအပင်ကြီးရဲ့ အောက်မှာ ဖယောင်းတိုင်များထွန်းပြီး မီးရှူးမီးပန်းများဖြင့် မကြာခဏ ပူဇော်ကြတယ်လို့ သိရပါတယ်။

သတင်းအရင်းမြစ်: Source - History & Lifestyle

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။