သစ်ပင်သစ်ကိုင်းတွေပေါ်မှာ ဝပ်တွားနေတဲ့ ရက်ကွန်းနဲ့ ကြွက်ကြားရှိ ဒီအမွေးထူ တိရစ္ဆာန်တွေဟာ အင်းဆက်များနေထိုင်ရာ အခေါက်အောက်ရှိ အပေါက်များကို ရှာဖွေဖို့ ကြိုးစားတတ်ပါတယ်။ သူတို့တွေရဲ့ သစ်ပင်ကို ပုတ်ခတ်သံကြောင့် အပေါက်တစ်ခုကို တွေ့ရှိကြောင်း ပြောနိုင်ပါတယ်။ အခေါင်းပေါက်တစ်ခုကို တွေ့ရှိတဲ့အခါ ဒီတိရစ္ဆာန်ဟာ အခေါက်ကို သူ့ရဲ့သွားများနဲ့ ဆုတ်ဖြဲပြီး ပိုးကောင်များကို ကိုက်စားတတ်ကြပါတယ်။ ပညာရှင်တွေက ပေးထားတဲ့ ဒီသတ္တဝါရဲ့နာမည်က အေးအေး ( Aye-Aye) လို့ ခေါ်ပါတယ်။

အေးအေး ကို အာဖရိကကမ်းလွန်ရှိ ကျွန်းနိုင်ငံဖြစ်တဲ့ Madagascar ရဲ့ သစ်တောများမှာသာ တွေ့ရှိနိုင်ပါတယ်။ တိရစ္ဆာန်များဟာ သူတို့ရဲ့သစ်ပင်ထိပ်မှ ဆင်းလာပြီး သစ်တောကြမ်းပြင် (မြေကြီး) ကို တူးကြတာမျိုးက ရှားပါတယ်။ ညဘက်မှာသာ လှုပ်ရှားကြပြီး အရွက်ဖြင့်ပြုလုပ်ထားတဲ့ အသိုက်များ အကိုင်းအခက်များပေါ်မှာ အိပ်ကြပါတယ်။ အမှောင်ကျတဲ့အခါ ဒီသတ္တဝါတွေဟာ သစ်ပင်ထိပ်များမှာ အစာရှာကြပါတယ်။  ပိုးမွှားများအပြင် သရက်သီးလို အသီးအနှံများကို စားသုံးကြပြီး အရည်ရွှမ်းတဲ့ အစာထဲမှ ပျော့ဖတ်များရဲ့ အရိုးများကို လက်ချောင်းများဖြင့် ထုတ်ယူကြပါတယ်။

ဒီတိရစ္ဆာန်တွေရဲ့ လက်ချောင်းတွေဟာ တောရိုင်းထဲမှာ ရှင်သန်ဖို့ ကူညီပေးတဲ့ တစ်ခုတည်းသော အင်္ဂါရပ်တော့ မဟုတ်ပါဘူး။  အဝါရောင်မျက်လုံးကြီးတွေက အမှောင်ထဲမှာ မြင်နိုင်စေပါ‌တယ်။  ကြီးမားပြီး ထိလွယ်ရှလွယ် နားရွက်များဟာ သူတို့ကို အမဲလိုက်‌တဲ့ တိရစ္ဆာန်‌တွေရဲ့ အသံကို ကြားနိုင်ပါတယ်။  ပြီးတော့ ရှည်လျားလှတဲ့ သူတို့ပဲ့အမြီးက သစ်ပင်အကိုင်းအခက်တွေပေါ် ပြေးလွှားရာမှာ အေးဆေး ဟန်ချက်ညီစေပါသေးတယ်။

အေးအေးရဲ့ ထူးဆန်းတဲ့ လက္ခဏာများဟာ သူတို့အတွက် အသုံး၀င်မှာပါ။  ဒါပေမယ့် သူတို့လည်း စိတ်ရှုပ်ထွေးမှုတွေ ဖြစ်‌ပေါ်တတ်ပါတယ်။ သူတို့ရဲ့ ကြွက်နဲ့တူတဲ့ သွားများနဲ့ ရှဉ့်လိုမျိုး အမြီးတို့ဟာ ကြွက်တစ်ကောင်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက အစပိုင်းမှာ ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ဟာ မျောက်ဝံတို့ လူသားတို့နဲ့ နီးစပ်တဲ့ မျိုးနွယ်ပါ။ ထူးဆန်းတဲ့ အကြည့်နဲ့ ထူးဆန်းတဲ့ အမူအရာများဟာ အေးအေးတို့ ပိုင်ဆိုင်ထားတဲ့ ထူးဆန်းတဲ့ အရာပါပဲ။

သတင်းအရင်းမြစ်: National Geographic

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။