သိမ်းငှက်များဟာ အမဲလိုက်မုဆိုးများဖြစ်ကြပြီး အခြားတိရစ္ဆာန်များကို သတ်ဖြတ်စားသောက်ဖို့ ခြေသည်းများနှင့် နှုတ်သီးကို အသုံးပြုကြပါတယ်။ သိမ်းငှက်များဟာ ယုန်နှင့်ရှဉ့်လိုမျိုး နို့တိုက်သတ္တဝါငယ်များကို ပုံမှန်အားဖြင့် စားလေ့ရှိပေမယ့်လည်း သူတို့ဟာ တွားသွားသတ္တဝါများ၊ ငါးများနှင့် အင်းဆက်ပိုးမွှားများကိုပါ စားလေ့ရှိပါတယ်။ ရှားရှားပါးပါး ကိစ္စများမှာ သိမ်းငှက်များဟာ သမင်လို ပိုကြီးတဲ့ သားကောင်များကို သတ်ပြီး စားသောက်တတ်ကြပါသေးတယ်။

သိမ်းငှက်များဟာ အများအားဖြင့် အဝေးမှ သားကောင်များကို ရှာဖွေဖို့ သူတို့ရဲ့ တိကျတဲ့ မျက်လုံးများကို အသုံးပြုပြီး လေထဲကနေ လိုက်ရှာကြပါတယ်။ သူတို့သားကောင်ကို တွေ့လိုက်တာနဲ့ တရှိန်ထိုးဆင်းကာ ခြေသည်းတွေနဲ့ ဖမ်းသွားပါလိမ့်မယ်။ သိမ်းငှက်များဟာ အများအားဖြင့် သားကောင်ရဲ့ ဦးခေါင်းခွံကို ကြိတ်ခြင်း ဒါမှမဟုတ် သူတို့ရဲ့ နှုတ်သီးနဲ့ ဦးနှောက်ကို ထိုးဖောက်ခြင်းဖြင့် သတ်လေ့ရှိပါတယ်။ သမင်ဟာ သိမ်းငှက်ရဲ့ အစာ မဟုတ်သလို သိမ်းငှက်တွေက ဒီလောက်ကြီးတဲ့ သမင်ကိုစားကြတယ်ဆိုတာလည်း သင်ကြားဖူးမှာမဟုတ်ပါဘူး။

သမင်တွေက သိမ်းငှက်ထက်ကြီးနေပေမယ့်လို့ သိမ်းငှက်တွေက သမင်တွေကိုအမဲလိုက်နိုင်ခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်များရှိပါတယ်။ အများအားဖြင့် သမင်ဟာ ဒဏ်ရာရနေတာမျိုး ဒါမှမဟုတ် မိမိကိုယ်မိမိ ထိရောက်စွာ ခုခံကာကွယ်နိုင်ခြင်း မရှိတဲ့အခါမှာ ဒီဖြစ်ရပ်ဟာ ဖြစ်ပေါ်ပါတယ်။ အချို့ကိစ္စများမှာ သိမ်းငှက်အုပ်စုဟာ သမင်တစ်ကောင်ကို နှိမ်နင်းဖို့ ပူးပေါင်းလုပ်ဆောင်နိုင်ပေမယ့်လည်း ဒါဟာ အတော်ရှားပါတယ်။ ခြုံငုံကြည့်ရင် သိမ်းငှက်ဟာ ရံဖန်ရံခါ သမင်ကို အမဲလိုက်တတ်ပေမယ့်လည်း ဒါဟာ ဖြစ်ရိုးဖြစ်စဉ်မဟုတ်နေပါဘူး။

သတင်းအရင်းမြစ်: wildbirdscoop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။