သကြားဓာတ်များတဲ့ အစားအစာများကို များများစားခြင်းဟာ ကျွန်တော်တို့အတွက် မကောင်းကြောင်း သတိပြုမိပေမယ့်လည်း စားသုံးစမြဲပါပဲ။ ကြောင်တွေမှာလည်း အဲ့လိုမျိုးဖြစ်မိနိုင်ပါတယ်။

ဒါပေမယ့် ကြောင်များဟာ သကြားအရသာမခံနိုင်တဲ့ ကမ္ဘာပေါ်ရှိ တိရစ္ဆာန်အနည်းငယ်ထဲမှ တစ်ကောင်ဖြစ်ပါတယ်။ လူတွေလိုမျိုး အရသာခံဖုများ ရှိပေမယ့်လည်း အချိုဓာတ်ကို ဖော်ထုတ်ဖို့ သူတို့ရဲ့ လျှာရှိ receptors များဟာ အထူးသတိမထားမိတတ်ပါဘူး။ ချိုမြိန်မှုကို ခံစားနိုင်စွမ်းမရှိကြတာဖြစ်ပါတယ်။

ကြောင်များဟာ သကြား သို့မဟုတ် ကာဗိုဟိုက်ဒရိတ်စားဖို့ ဇီဝဗေဒ လိုအပ်ချက်မရှိတာ‌ကြောင့် ဒီဟာကို အရသာခံဖို့ မလိုအပ်ပါဘူး။ ကာဗိုဟိုက်ဒရိတ်နှင့် သကြားများဟာ အစားအသောက်များမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ပေမယ့် လူသားများနဲ့မတူဘဲ ကြောင်များဟာ လျင်မြန်တဲ့ စွမ်းအင်ရင်းမြစ်ကို သကြားကနေရရှိဖို့ မလိုအပ်ကြပါဘူး။

ခြွင်းချက်က‌တော့ အမြဲရှိတတ်ပါတယ်။ သင့်ကြောင်ဟာ ချောကလက်တစ်စိတ်တစ်ပိုင်းဖြစ်စေ နို့ဆီဖြစ်စေ ကြိုက်နှစ်သက်ကြတယ်လို့ သင်ပြောနိုင်ပါတယ်။ ဒါပေမယ့် သူတို့က ချိုမြိန်တဲ့အရသာမျိုး ရရှိနေလို့မဟုတ်ပါဘူး။ အဲဒါက သူတို့နှစ်သက်တဲ့ အဆီပါဝင်မှုရှိတာမို့ စားသုံးကြာတာမျိုး ဖြစ်နိုင်ခြေများပါတယ်။ သင့်ကြောင်ကို ကျန်းမာစေဖို့အတွက် သကြားပါတဲ့ အစားအစာတွေကို အရမ်းမကျွေးမိပါစေနဲ့။ သကြားဟာ ကြောင်များအတွက် အဆိပ်မရှိပေမယ့်လည်း လူတွေလိုပဲ အဝလွန်ခြင်း၊ သွားနှင့်ခံတွင်းဆိုင်ရာရောဂါနှင့် ဆီးချိုရောဂါတို့ကို ဖြစ်စေနိုင်ပါတယ်။

သတင်းအရင်းမြစ်: cats

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။