Ladybug လို့ခေါ်တဲ့ ပျစားပိုးလေးတွေကို သင်လည်း တွေ့ဖူးကြမယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ပန်းစိုက်ခင်းတွေအပြင် လယ်တောတွေထဲမှာတောင် မကြာခဏတွေ့ရတတ်ပါတယ်။ ကမ္ဘာပေါ်မှာတော့ ပျစားပိုး မျိူစိတ်ပေါင်း ၅၀၀၀ ခန့်လောက်ရှိပါတယ်။ အနောက်နိုင်ငံတွေမှာတော့ ဒီပိုးကောင်လေးတွေက သူတို့အတွက် ကံကောင်းတယ်လို့ ယုံကြည်ထားကြပါတယ်။

Photo Credit – From Google

ပျစားပိုးတွေဟာ မတူညီတဲ့ အရောင်အသွေးနှင့် ပုံစံအမျိုးမျိုးရှိတာ ကြောင့် လူသားတွေရဲ့ ရန်ကနေလည်း ကင်းဝေးတဲ့ အင်းဆက်ကောင်ပါ။ ပြီးတော့ ကျွန်တော်တို့ လူသားတွေအတွက်လည်း အများကြီး အထောက်အကူပြုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီပျစားပိုးကောင်လေးတွေက စိုက်ခင်းတွေမှာရှိတဲ့ ပိုးမွှားများနှင့် အခြားအပင်စားပိုးမွှားများကို ဖမ်းယူ စားသောက်ကြတာကြောင့် တောင်သူလယ်သမားတွေ သဘောကျကြပါတယ်။ ပျစားပိုးတစ်ကောင်ရဲ့ တစ်နှစ်တာ နေထိုင်တဲ့ သက်တမ်းတလျှောက်မှာ ပိုးမွှား ၅၀၀၀ ကျောက်လောက် စားသောက်ပေးနိုင်ကြပါတယ်။

Photo Credit – From Google

ပျစားပိုး အများစုဟာ ခြေထောက်တို ၆ ခုလောက်ပါရှိပြီး ဘဲဥပုံသဏ္ဍာန် ကိုယ်ထည်ရှိကြပါတယ်။ မျိုးစိတ်ပေါ် မူတည်ပြီး အရောင်ပြောင်းလဲသွားကြပေမယ့် ကိုယ်ခန္ဓာကိုယ်ပေါ်မှာတော့ အစက်အပြောက်လို အမှတ်အသားများကတော့ အားလုံးရှိကြပါတယ်။ ပျစားပိုး ရဲ့ တောက်ပတဲ့ အရောင်များဟာ သူတို့ အရေးကြုံလာမှု ပြောင်းလဲကြတာပါ။

Photo Credit – From Google

သူတို့ ကြောက်ရွံ့တုန်လှုပ်လာပြီဆိုရင်တော့ ခြေထောက်ရှိ အဆစ်တွေကနေ အဆီပြန် ၊ အဝါရောင်အရည်များထွက်လာပါတယ်။ အံ့အားသင့်စရာကတော့ ပျစားပိုးကောင်လေးတွေဟာ မြက်ခင်းများ၊ သစ်တောများ၊ မြို့ပြများ၊ ဆင်ခြေဖုံးများနှင့် မြစ်ကမ်းပါးများရှိ မတူညီတဲ့ နေရာတွေမှာ ပျော်ရွှင်စွာနေထိုင်ကြပါတယ်။

Photo Credit – From Google

ဒါပေမယ့် ပိုအေးတဲ့ ဆောင်းဦးရာသီတွေမှာတော့  သစ်လုံးပုပ်တွေ၊ ကျောက်ဆောင်တွေအောက် ဒါမှမဟုတ် အိမ်တွေထဲမှာတောင် ဆောင်းခိုဖို့အတွက်   နွေးထွေးပြီး ဆိတ်ငြိမ်တဲ့နေရာတွေကိုပဲ ရှာကြပါတယ်။ သူတို့ကြိုက်တဲ့ နေရာကိုတွေ့ပြီဆိုရင်တော့ အုပ်စုဖွဲ့ပြီးနေထိုင်ကြပါတော့တယ်။

Photo Credit – From Google
Photo Credit – From Google

သတင်းအရင်းမြစ်: Source - natgeokids


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။