ပုဇွန်တွေ အသက်ဘယ်လောက်ကြီးလဲဆိုတာကို လေ့လာရတာ ခက်ခဲနိုင်ပြီး သိပ္ပံပညာရှင်တွေက နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားခဲ့ကြပါတယ်။ အခြားတိရစ္ဆာန်များစွာမှာ ကျွမ်းကျင်သူများဟာ တစ်ဦးချင်းစီရဲ့ အသက်ကို ဆုံးဖြတ်ဖို့ အရိုး သို့မဟုတ် အကြေးခွံများလိုမျိုး မာကျောတဲ့တည်ဆောက်ပုံများကို ကြည့်ပြီး အသက်ဘယ်လောက်လဲဆိုတာ လေ့လာနိုင်ပါတယ်။

ဒါပေမယ့် ဒီနည်းလမ်းဟာ ကျောက်ပုဇွန်တွေအပေါ်မှာတော့ အလုပ်မဖြစ်ပါဘူး။ တိရစ္ဆာန်ရဲ့ အရွယ်အစားနှင့် အလေးချိန်ဟာ သူတို့ရဲ့ အသက်ကို ခန့်မှန်းဖို့ ကူညီပေးမယ့်လည်း တိကျစွာ ဆုံးဖြတ်ဖို့ ယုံကြည်စိတ်ချရတဲ့ နည်းလမ်းမဟုတ်ပါဘူး။ ဥရောပပုဇွန်အထီးများဟာ ပျမ်းမျှအားဖြင့် အသက် 31 နှစ်အထိ နှင့် အမများဟာ 54 နှစ်အထိ အသက်ရှင်ကြတာကို တွေ့ရှိခဲ့ပါတယ်။ ခြွင်းချက်‌တော့ အနည်းငယ်ရှိပါတယ်။ ဘာလို့လဲဆိုတော့ အမတွေဟာ အသက် 72 နှစ်အထိရှင်နိုင်လို့ပါပဲ။

ပုဇွန်များသည် ထာဝရအသက်မရှင်ကြပါဘူး။ ဒီဒဏ္ဍာရီက ဘယ်ကလာတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရပေမယ့် ဒါဟာ မကြာခဏဆိုသလို အွန်လိုင်းမှာ ဆက်လက်တည်ရှိနေတဲ့ ကောလဟာလတစ်ခုဖြစ်ပါတယ်။ အချို့တိရစ္ဆာန်များဟာ မှန်ကန်တဲ့အခြေအနေအရ မသေနိုင်ဘူးလို့ ယူဆနိုင်ပေမယ့်လည်း ကျောက်ပုဇွန်တွေကတော့ မသေနိုင်ဘူးလို့ ပြောလို့မရပါဘူး။

Decapod

အခြား decapod (ခြေဆယ်ချောင်း) crustaceans တွေလိုပဲ ကျောက်ပုဇွန်များဟာ သူတို့ရဲ့ ဘဝတစ်လျှောက်လုံး ဆက်လက်ကြီးထွားနေပါတယ်။ သိပ္ပံပညာရှင်များက ဒါကို မဆုံးဖြတ်နိုင်တဲ့ ကြီးထွားမှုလို့ ခေါ်ပါတယ်။ ဥပမာ လူသားတွေဟာ အရွယ်ရောက်ပြီးတဲ့အခါမှာ ကြီးထွားမှုရပ်တန့်သွားပါတယ်။ ဒါပေမယ့် ပုဇွန်များနှင့် အခြား decapods များဟာ နောက်ဆုံးမှာ သူတို့ရဲ့ ဘဝအဆုံးကို ရောက်ရှိကြပါတယ်။ ကျောက်ပုဇွန်များဟာ လူသားများပြုလုပ်တဲ့ ဘေးအန္တရာယ်များ အပါအ၀င် အခွံမာရောဂါလို ဖြစ်ပွားတတ်တဲ့ ကျန်းမာရေးပြဿနာများနဲ့ သားကောင်များ သတ်ဖြတ်ခြင်းကို ကြုံတွေ့ရနိုင်ပါတယ်။

သတင်းအရင်းမြစ်: Nhm

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။