ခရုအများစုကိုတော့ မဟုတ်ပေမယ့် အချို့ခရုတွေမှာ ဆံပင်ပုံစံလို အမွှေးအမျှင်လေးတွေရှိနေကြတာကို သတိထား တွေ့ဖူးကြမှာပါ။ အခွံပေါ်ပေါက်နေတဲ့ အမွှေးပုံစံက တစ်ကောင်နဲ့ တစ်ကောင် ပေါက်တာခြင်း မတူကြပါဘူး။

Photo Credit – From Google

အချို့ခရုတွေရဲ့ အမွှေးတွေက တော်တော်လေးကို ရှည်ကြပေမယ့် အချို့ကခရုတွေမှာတော့  မမြင်နိုင်လောက်အောင် အနည်းငယ်လောက်ပဲရှိကြပါတယ်။

Photo Credit – From Google

ဒါကြောင့် ဒီခရုတွေဟာ သဘာဝရဲ့ ကွဲပြားမှုဘယ်လောက်ရှိလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းတဲ့ ဥပမာတစ်ခုပါပဲ။ ပညာရှင်တွေရဲ့ လေ့လာချက်အရ ခရုအခွံများမှာ အမွှေးများပေါက်ရခြင်းဟာ သူတို့ရဲ့ မျိုးရိုးစဥ်ဆက်များရဲ့ စရိုက်လက္ခဏတွေကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Photo Credit – From Google
Photo Credit – From Google

 ဒါပေမယ့်  ဒီအမွှေးအမျှင်တွေက သူတို့ဖုံးကွယ်နိုင်အောင်ကူညီပေသလို အစိုဓာတ်ကို စုပ်ယူတဲ့နေရာမှာလည်း အထောက်အကူ ပြုပါတယ်။ ပြီးတော့ အခွံပေါ်ကအမွှေးတွေက ကပ်ပါးကောင်များကို တွန်းလှန်ဖို့နဲ့ စိုစွတ်တဲ့မျက်နှာပြင်များပေါ်တွေမှာ ပိုမိုတွယ်ကပ်နိုင်အောင်လည်း ကူညီပေးပါတယ်။ တကယ်လို့ သင်ဟာ အမွှေးပါတဲ့ ခရုတစ်ကောင်ကို တွေ့တယ်ဆိုရင် သေချာပေါက် ကြည့်ဖို့ တိုက်တွန်းပါတယ်။

Photo Credit – From Google

သတင်းအရင်းမြစ်: Source - ncbi.nlm.nih.gov

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။