Quokka ဟာ ဩစတြေးလျနိုင်ငံမှာ ပေါက်ရောက်ပြီး သေးငယ်တဲ့ မျိုးစိတ်ဖြစ်ဖြစ်ကာ နိုင်ငံရဲ့ ကြမ်းတမ်းတဲ့ပတ်ဝန်းကျင်မှာ မျိုးသုဉ်းနိုင်တဲ့ တိရစ္ဆာန်များဖြစ်ကြပါတယ်။ ချစ်စရာနဲ့ ဖော်ရွေတဲ့ အသွင်အပြင်ကြောင့် "ကမ္ဘာပေါ်မှာအပျော်ဆုံးတိရစ္ဆာန်" လို့လူသိများကြပါတယ်။ ဒီသတ္တဝါများကိုယခုအခါမှာ သီးခြားတောအုပ်များနှင့် ကျွန်းငယ်အချို့မှာသာ တွေ့ရှိရနိုင်ပါတယ်။

Quokkas မှာ ပေါင်းသင်းဆက်ဆံရေး၊ အပျော်သဘော၊ မကြောက်မရွံ့နှင့် စပ်စုတတ်သူအတွက် ကိုယ်စားလှယ်တစ်ဦးရှိတတ်စမြဲပါ။ သူတို့ရဲ့ မျိုးစိတ်များဟာ သီးခြားကျွန်းများမှ လာရောက်လည်ပတ်သူများ သို့မဟုတ် လူနေထူထပ်တဲ့နေရာများမှ လာလည်သူများနဲ့ ကောင်းစွာလိုက်လျောညီထွေရှိနိုင်ပါတယ်။ ဆက်ဆံရေးအရမ်းကောင်းကြးသလို ချစ်စရာလည်း ကောင်းလှတာ ပုံထဲမှာ တွေ့တဲ့အတိုင်းပါပဲ။

Quokkas ဟာ ကြောင်အရွယ်ခန့်ရှိ အမွှေးရှည်၊ အညိုရောင် သတ္တဝါများဖြစ်ပါတယ်။ သူတို့ဟာ သူတို့ရဲ့ အငယ်လေးတွေကို အိတ်ထဲထည့်ပြီး သူတို့ရဲ့ ဇာတိအပင်များပေါ်မှာ နေထိုင်ကြပါတယ်။ Quokkas များဟာ သြစတြေးလျပြည်မကြီးတွင် မျိုးသုဉ်းဖို့ အန္တရာယ်ရှိ‌ပေမယ့်လည်း သူတို့ဟာ လူဦးရေကျဲပါးတဲ့ Rottnest ကျွန်းမှာ ရှင်သန်ကြီးထွားလျက်ရှိပါတယ်။ ကျွန်းအမည်ဟာ "ကြွက်သိုက်" ဆိုပြီးဖြစ်ကာ ဂျာမန်စကားလုံးမှဆင်းသက်လာတာပါ။ ကျွန်းပေါ်ရှိ အစောပိုင်း ဂျာမန်အခြေချနေထိုင်သူများဟာ ကြွက်များနဲ့ မကွာတဲ့ ဒီ Quokkas တွေအတွက် ကျွန်းကို ခုလိုနာမည်ပေးခဲ့ကြတာဖြစ်ပါတယ်။ ကျွန်းပေါ်မှာ Quakkas 14,000 ကျော်ရှိပါတယ်တဲ့။

သတင်းအရင်းမြစ်: Good living guide

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။