ပိုလန်နိုင်ငံရှိ လှိုဏ်ဂူတစ်ဂူမှာ လွန်ခဲ့တဲ့ နှစ်တစ်သန်းခွဲခန့်က မျိုးသုဉ်ပျောက်ကွယ်သွားတဲ့ ရှေးလူသားမျိုးနွယ်တွေရဲ့ နေထိုင်ခဲ့တဲ့ လက္ခဏာရပ်တွေကို တွေ့ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၅၀ ခန့်လောက်က ပထမဆုံးအနေနဲ့ ဒီလှိုဏ်ဂူမှာ သက်တမ်းအရင့်ဆုံး ကျောက်လက်နက်ကိရိယာတွေကို ရှာတွေ့ရှိခဲ့တာပါ။

Photo Credit – From Google

အဆိုပါ လှိုဏ်ဂူက Małopolska ရှိ Tunel Wielki လှိုဏ်ဂူလို့ခေါ်ကြပြီး နှစ်ပေါင်း ၄၅၀,၀၀၀ မှ ၅၅၀,၀၀၀ ကြားသက်တမ်းရှိကာ လူသားတွေ ဖန်တီးခဲ့တာလို့ ပညာရှင်တွေက ခန့်မှန်းခဲ့ကြပါတယ်။ ရှေးလူသားမျိုးနွယ်စုများဟာ ဥရောပအလယ်ပိုင်းကို ပြောင်းရွှေ့ခဲ့ကြပြီး ကြမ်းတမ်းတဲ့ ရာသီဥတုတွေအောက်မှာ ကြံ့ကြံ့ခံနိုင်ဖို့ သဘာဝလှိုဏ်တွေနဲ့ ဖန်တီးထားတဲ့ ဂူတွေထဲမှာ နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ရန်သူကို တိုက်ခိုက်ဖို့နဲ့ သားကောင်တွေကို အမဲလိုက်ဖို့အတွက် ကျောက်တုံး၊ ကျောက်သားတွေကို ထွင်းထုပြီး လက်နက်အဖြင့် အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit – From Google

Tunel Wielki လှိုဏ်ဂူထဲမှာ တွေ့ရှိခဲ့တဲ့ ကျောက်လက်နက်ပစ္စည်းကိရိယာတွေ ၊ မီးခတ်ကျောက်များ အပြင် အခြားကိရိယာတွေက  ရှေးလူသားမျိုးနွယ်တွေ နေထိုင်ခဲ့ကြောင်း ထောက်ပြနေခဲ့ပါတယ်။ အဲ့ဒီနေရာ ပြန်လည်တွေ့ရှိခဲ့တဲ့ တိရိစ္ဆာန်အရိုးများကတော့ နှစ်ပေါင်း ၄၀,၀၀၀ ကျော်နီးပါး သက်တမ်းရှိပြီလို့  ကောက်ချက်ချခဲ့ကြပါတယ်။

Photo Credit – From Google
Photo Credit – From Google

 စိတ်ဝင်စားစရာကောင်းတာက ဂူထဲမှာတွေ့ရတဲ့ မီးကျောက်ကို ညှပ်ဖို့သုံးတဲ့နည်းပညာပါပဲ။ အဲ့ဒီနည်းပညာက  ရှေးခေတ်လူသားတို့ အသုံးပြုခဲ့တဲ့ အရိုးရှင်းဆုံးဖြစ်ပါတယ်။ မီးကျောက်များကလည်း ယနေ့ခေတ်ပြည်တွင်းမှာ ရနိုင်ပေမယ့် အတော်လေးကို အရည်အသွေးကောင်းမွန်ပြီး ရှားပါးပါတယ်။ Tunel Wielki လိုဏ်ဂူကို ၁၉၆၀ ခုနှစ်လောက်မှာ တူးဖော်ခဲ့ပြီး ၂၀၁၆ ခုနှစ်ကနေစပြီး ရှေးဟောင်းပညာရှင်များက အဆိုပါနေရာကို တစ်ဖန်ပြန်လည်ရောက်ရှိခဲ့ကာ သုတေသနလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit – From Google

သတင်းအရင်းမြစ်: Source - ScienceAlert

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။