သင်ဟာ ဆိတ်ကလေးတွေကို ချစ်တတ်တဲ့ သူတစ်ယောက်လား...? ။ ဒီတစ်ခါမှာတော့ လူတော်တော်များများ မသိသေးတဲ့ ဆိတ်ကလေးတွေရဲ့ အံ့အားသင့်စရာ အမူအကျင့်လေးတွေကို ဖော်ပြပေးသွားမှာပါ။ ဆိတ်တွေဟာ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်တဲ့ တိရစ္ဆာန်ဖြစ်တာကြောင့် အပေါင်းအဖော်တွေနဲ့ ခွဲခွာပြီးနေထိုင်ရမယ်ဆိုရင်  သူတို့လေးတွေက စိတ်ဓာတ်ကျတတ်ကြပါတယ်။

Photo Credit- From Google

 ပြီးတော့ ခွေးတို့ ကြောင်တို့လိုမျိုး  ဆိတ်တွေက အရမ်းအသန့်ကြိုက်ကြပါတယ်။ ပညာရှင်တွေရဲ့ လေ့လာချက်မှာ ဆိတ်တွေဟာ အလွန်ဉာဏ်ကောင်းတဲ့ တိရစ္ဆာန်ဖြစ်တာကြောင့် သူတို့မရင်းနှီးတဲ့ အရာမှန်သမျှကို အရမ်းစူးစမ်းလိုစိတ်ရှိကြပါတယ်။

Photo Credit- From Google

တိရစ္ဆာန်ဆိုပေမယ့် ကျွန်တော်တို့ လူသားတွေလိုပဲ အလွန် ဇီဇာကြောင်သူများဖြစ်လို့ အစာရှာစားရာမှာ သန့်ရှင်းပြီး အရသာရှိတဲ့ အစားအစာများကိုသာ ရွေးချယ်စားသောက်ကြပါတယ်။

Photo Credit- From Google

 စိတ်ဝင်စားစရာပိုကောင်းတာက သူတို့ရဲ့ နှာချေသံကို အချက်ပေးသံအဖြစ် အသုံးပြုကြပါတယ်။ ဘယ်လိုနေရာတွေမှာ အသုံးပြုကြလဲဆိုရင်  အန္တရာယ်တစ်ခုခုနဲ့ကြုံလာပြီဆိုတာနဲ့ အချင်းချင်း သတိပေးဖို့ နှာချေခြင်းကို အသုံးပြုကြတာပါ။

Photo Credit- From Google

ဒါက ဆိတ်မွေးမြူကြတဲ့ တောင်သူတွေတောင် သတိမထားမိတဲ့ အပြုအမူဖြစ်ပါတယ်။ ပြီးတော့ တောင်ဆိတ်တွေဆိုရင် အပင်အမြင့်တွေပေါ်တက်ရောက်ပြီး စားချင်တဲ့ အရွက်တွေကို ခူးယူစားသောက်နိုင်ကြသလို တောင်ကမ်းပါး နံရံတွေပေါ်ကိုလည်း ကောင်းကောင်းကြီး တက်ရောက်သွားလာနိုင်ကြတဲ့ တိရစ္ဆာန်ဖြစ်ပါတယ်။

Photo Credit- From Google

သတင်းအရင်းမြစ်: Source - four-paws

.

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။