BTS အဖွဲ့ဝင်ဖြစ်တဲ့ Jungkook ဟာဆိုရင်အဖွဲ့ထဲမှာ အသက်အငယ်ဆုံးဖြစ်ပေမယ့်လည်း အအောင်မြင်ဆုံးဖြစ်ပါတယ်။ အခုဆိုရင်လည်း Jungkook ရဲ့နာမည်ဟာကိုရီးယားဒရမ်မာတွေတော်တော်များများမှာ ပါဝင်လျက်ရှိနေပြီး ဒါဟာ Jungkook ရဲ့ဒရမ်မာတွေကို ကြိုက်နှစ်သက်မှုကြောင့်ဖြစ်နိုင်ပါတယ်။ Jungkook ရဲ့နာမည်ဟာဆိုရင် ကိုရီးယားဒရမ်မာတွေ၊ ကောမစ်တွေ, Netflix နဲ့ Disney စီးရီးတွေမှာပါဝင်လေ့ရှိပါတယ်။

မကြာမီကမှထွက်လာတဲ့ KBS ရဲ့ဒရမ်မာအသစ် ‘Three Bold Siblings” မှာ Jungkook ကိုပူပူနွေးနွေးဖော်ပြခံခဲ့ရပါတယ်။ ဒရမ်မာထဲမှာ Jungkook နာမည်ကိုကိုမင်းသမီးရဲ့သူငယ်ချင်းဖြစ်သူက မင်းသမီးနဲ့အတူလှေကားအဆင်းလမ်းလျှောက်နေရင်းနဲ့ ဇိမ်ခံကားကြီးကိုတွေ့တဲ့အခါ သူက အထဲမှာဘယ်သူဖြစ်မလဲလို့ မေးတဲ့အခါ Jungkook ဖြစ်ဖို့မျှော်လင့်ရတာပဲလို့ ပြောခဲ့ပါတယ်။

မကြာသေးမီကလည်း Jungkook ကိုနာမည်ကြီး kdrama “Business Proposal” မှာဖော်ပြခံခဲ့ရပြီး သူ့ရဲ့ဆွဲဆောင်နိုင်မှုက ကိုရီးယားမှာသူ့ရဲ့‌ အောင်မြင်မှုကိုသက်သေပြလျက်ရှိနေပါတယ်။

ဒရမ်မာတွေမှာ Jungkook နာမည်ပါတာကိုကြားရတဲ့ သူ့ပရိသတ်တွေကတော့ Jungkook လေးအတွက်ဂုဏ်ယူမဆုံးဖြစ်နေကြပြီး သူ့ရဲ့အောင်မြင်မှုအတွက် ချီးကျူးနေကြပါတယ်။

Photos-credit

Source: Allkpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။