စက်တင်ဘာ ၂၅ ရက်နေ့က BTS အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ V ဟာ Weverse ပေါ်မှာ live လွှင့်ပြီးပရိသတ်တွေနဲ့အချိန်ဖြုန်းကာ သိချင်တဲ့မေးခွန်းလေးတွေဖြေပေးခဲ့ပါတယ်။

အစပိုင်းမှာ ပရိသတ်တွေက Taehyung လေး live လွှင့်တယ်ဆိုပြီး စိတ်လှုပ်ရှားနေခဲ့ကြပြီး live 2 မိနစ်လောက်သာကြာပြီး V က live ကိုစမ်းသုံးကြည့်တာပါလို့ ပြောပြခဲ့ပါတယ်။ ဒါကြောင့် V ဟာ Weverse ပေါ်မှာအချိန်အတိုဆုံး live လွှင့်တဲ့သူအဖြစ်စံချိန်တင်ခဲ့ပါတယ်။

ပြီးတော့ live မှာ V ကမေးခွန်းလေးတွေဖြေပေးခဲ့ပြီး အဲ့ဒီထဲမှာလူစိတ်ဝင်စားမှုအများဆုံး မေးခွန်းကတော့ BTS အဖွဲ့ဝင်တွေထိုးထားတဲ့ friendship တက်တူးနံပါတ် 7 လေးရဲ့နေရာပဲဖြစ်ပါတယ်။ V က live ထဲမှာသူ့ရဲ့တက်တူးကို ဘယ်ဖက်တင်ပါးမှာထိုးထားပါတယ်လို့ ဖြေခဲ့ပြီးအားလုံးကတကယ်ဟုတ်၊ မဟုတ်သိချင်နေကြပါတယ်။

V ဟာ ဟာသညဏ်ရှိပြီး စနောက်တတ်တာကြောင့် သူပြောတာတကယ်ဟုတ်၊မဟုတ်တော့ ပရိသတ်တွေကဝေခွဲရခက်နေပါတယ်။

ဘာဖြစ်ဖြစ် ပရိသတ်တွေကတော့ သူတို့နဲ့အချိန်ဖြုန်းပြီး weverse မှာစကားပြောပေးတဲ့ V ကိုချီးကျူးနေကြပြီး အချစ်တွေပိုတိုးလာကြောင်း ပြောပြနေကြပါတယ်။

Photos-credit

Source; Allkpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။