"ပရဟိတဘုရင်မ" လို့ သတ်မှတ်ခံထားရတဲ့ ကိုရီးယားမင်းသမီးဟာ အလွန်ကောင်းမွန်တဲ့ အသက်မွေးဝမ်းကြောင်းနဲ့ အိမ်ထောင်ရေးကို ဦးဆောင်နေသူလည်းဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှု အနေနဲ့ အနည်းငယ်သာ ပါဝင်သရုပ်ဆောင်ထားတယ်ဆိုပေမယ့် သူမရဲ့ ဘဝနဲ့ အသက်မွေးဝမ်းကြောင်း ဟာ လူအများ စိတ်ကူးယဉ်ရမယ့် အရာတစ်ခုသာဖြစ်ပါတယ်။

မင်းသမီး Park Jin Hee ဟာ စူးစမ်းချင်စိတ်ကြောင့် သရုပ်ဆောင်လောကထဲကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ၁၉၇၈ ခုနှစ် မှာ မွေးဖွားခဲ့သူ တစ်ဦးဖြစ်ပြီး ဆယ်ကျော်သက်ဒရာမာဖြစ်တဲ့ “Start” နဲ့အတူ အသက် ၁၈နှစ်အရွယ်မှာ ပွဲဦးထွက်သရုပ်ဆောင်ခဲ့ပြီး ၁၉၉၈ ခုနှစ်မှာတော့ သည်းထိတ်ရင်ဖိုဇာတ်လမ်း Whispering Corridors မှာ သရုပ်ဆောင်ခဲ့ပါတယ်။

၃နှစ် အကြာမှာတော့ KBS ဒရာမာ “Stock Flower” ၊ “Please Comeback, Soonae” ၊“War of Money” ဇာတ်ကားတွေနဲ့ ဆက်တိုက်ဆိုသလို အောင်မြင်ကျော်ကြားခဲ့ပြီး နိုင်ငံအလိုက် ပရိသတ်အားပေးမှု ၃၀ ရာခိုင်နှုန်းကို ကျော်လွန်ကာ ဝင်ငွေရရှိခဲ့တဲ့အပြင် SBS Drama Awards မှာလည်း ဆုရရှိခဲ့ပါသေးတယ်။ မင်းသမီးဟာ ဖခင်ဖြစ်သူ အလုပ်ပြုတ်သွားပြီးနောက် ရုန်းကန်ခဲ့ရတဲ့ အတွက်ကြောင့် ဆင်းရဲမွဲတေမှုဒုက္ခတွေကို ကောင်းစွာနားလည်သူ တစ်ယောက်ဖြစ်ပါတယ်။

ဒါကြောင့်လည်း အနုပညာလောကကို ဝင်ရောက်ပြီးနောက်ပိုင်း ပရဟိတလုပ်ငန်းတွေမှာ အချိန်အများကြီး ပေးလှူခဲ့ပါတယ်။ မင်းသမီး Park Jin Hee က ပိုက်ဆံ နဲ့ လက်ဆောင်တွေ ပို့မယ့်အစား ရုန်းကန်နေရတဲ့လူတွေဆီကို ကိုယ်တိုင်သွားရောက်ကြည့်ရှုပြီး အလုပ်ဝိုင်းလုပ်ပေးကာ စေတနာ့ဝန်ထမ်းအဖြစ် ကူညီပေးလေ့ရှိပါတယ်။

၂၀၁၄ ခုနှစ်မှာ Park Jin Hee က သူမထက် ၅ နှစ်ငယ်တဲ့ နာမည်ကြီးရှေ့နေတစ်ဦးနဲ့ လက်ထပ်ခဲ့ ပါတယ်။ အိမ်ထောင်ကျပြီးနောက်မှာလည်း သူမပတ်ဝန်းကျင်က ကလေးတွေကို ပြုစုစောင့်ရှောက်ခဲ့တာ ကြောင့် လူအများရဲ့ ချစ်ခင်လေးစားမှုကို ရယူနိုင်ခဲ့ပါတယ်။

၂၀၁၄ နှစ်ကုန်မှာတော့ မင်းသမီးဟာ သမီးလေးတစ်ယောက် မွေးဖွားခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ သားလေးတစ်ယောက်ထပ်မံ မွေးဖွားခဲ့ကာ အဲ့ဒီနောက်မှာတော့ ရုပ်ရှင်လောက ကနေပျောက်ကွယ်သွားခဲ့ပါတယ်။လက်ရှိအချိန်မှာတော့ မင်းသမီးဟာ သူမရဲ့ နေ့စဉ်ဘဝပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာ မကြာခဏ ဆိုသလို မျှဝေလေ့ရှိပြီး ဘဝကို အေးအေးဆေးဆေးဖြတ်သန်းနေတာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။