တစ်ချိန်က နာမည်ကျော် ကိုရီးယားမင်းသားကြီး ဖြစ်တဲ့ Ji Sung ဟာ သူ့ရဲ့ လက်ရှိဇနီးဖြစ်သူအတွက် သရုပ်ဆောင်လောက ကနေ နှုတ်ထွက်လုနီးပါး ဖြစ်ခဲ့ပါတယ်။ Ji Sung က မိဘများနဲ့ အတိုက်အခံ ပြုလုပ်ကာ သရုပ်ဆောင်လောကကို ဝင်ရောက်ခဲ့တာဖြစ်ပြီး သူ့ရဲ့ ပြောင်မြောက်တဲ့ အရည်အချင်းတွေ ကြောင့်ပဲ ကိုရီးယားရဲ့ သရုပ်ဆောင်နတ်ဘုရားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။

Ji Sung ဟာ နှစ်ရှည်လများစွာ ပညာရေး အစဉ်အလာရှိတဲ့ မိသားစုမှ မွေးဖွားခဲ့သူတစ်ယောက်ဖြစ်တာ ကြောင့် မိဘတွေက မင်းသားကို ပညာရေးလမ်းကြောင်းမှာ အောင်အောင်မြင်မြင် ဖြစ်စေချင်ခဲ့တာပါ။ Ji Sung ရဲ့ သရုပ်ဆောင်အိပ်မက်ကို စတင်ခဲ့တဲ့ အရာကတော့ “Rain Man” ဖြစ်ပြီး Dustin Hoffman ရဲ့ ပြောင်မြောက်တဲ့ သရုပ်ဖော်ပုံကို ကြည့်ရှုပြီးနောက် Ji Sung တစ်ယောက် သရုပ်ဆောင် လောကကို ဝင်ရောက်ချင်စိတ်ဖြစ်လာခဲ့တာပါ။

K-drama “KAIST” မှာ ပါဝင်သရုပ်ဆောင်နိုင်ခဲ့ပြီးနောက် မင်းသားဟာ ဇာတ်ကားတွေ ဆက်လက် ရိုက်ကူးခဲ့ကာ သူ့ရဲ့ မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ပြသနိုင်ခဲ့ပါတယ်။ မင်းသား Ji Sung နဲ့ သူ့ရဲ့လက်ရှိဇနီးဖြစ်သူ မင်းသမီး Lee Bo Young တို့က “Save The Last Dance For Me” ဇာတ်လမ်းတွဲမှာ တွေ့ဆုံခဲ့တာဖြစ်ပြီး မင်းသမီးကို မြင်မြင်ချင်း ချစ်မိသွားကြောင်းနဲ့ Lee Bo Young နဲ့ပတ်သတ်တဲ့ သူ့ရဲ့ခံစားချက်တွေကို Ji Sung က ဆက်တိုက်ဝန်ခံခဲ့ပါတယ်။

Lee Bo Young နဲ့ Ji Sung တို့ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်နေချိန်မှာ Lee Bo Young က အမျိုးသမီးသရုပ်ဆောင် ၊ နာမည်ကြီးတွေနဲ့ ချိန်းတွေ့တာမကြိုက်တဲ့သူ ဖြစ်တဲ့အတွက်ကြောင့် သရုပ်ဆောင်တာကို ရပ်လိုက်မယ်လို့ Ji Sung က ကတိပေးခဲ့ပါသေးတယ်။

၂၀၀၇ ခုနှစ်မှာတော့ Ji Sung နဲ့ Lee Bo Young တို့ဟာ ချစ်သူတွေဖြစ်လာခဲ့ပြီး ၂၀၁၃ ခုနှစ်မှာတော့ လက်ထပ်ခဲ့ကြပါတယ်။ လက်ရှိမှာတော့ မင်းသားက ကလေးနှစ်ယောက်ရဲ့ ဖခင်တစ်ယောက်ဖြစ်နေပြီး ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးလူသား တစ်ဦးလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။