ကိုရီးယားရဲ့နာမည်ကြီး kpop ဂုရုကြီးဖြစ်တဲ့ Exo အဖွဲ့ဝင် Xiumin ဟာဆိုရင်ရသစုံရှိုးတစ်ခုမှာ သူအနေနဲ့သူဖြစ်ချင်ခဲ့တဲ့ အိမ်မက်အကြောင်းကို ပြောပြခဲ့ပါတယ်။ စက်တင်ဘာ ၂၅ ရက်နေ့က KBS 2TV ရဲ့ရသစုံအစီအစဥ်တစ်ခုဖြစ်တဲ့ ‘Hong Kim Dong Jeon’ ဟာ Xiumin ဟာဧည့်သည်အနေနဲ့ ပါဝင်ခဲ့ပြီး သူ့ရဲ့အကြောင်းတွေကို ပြောပြခဲ့ပါတယ်။

အစီအစဥ်တင်ဆက်သူက သူ့ရဲ့အနုပညာလောကကိုစတင်ဝင်ခဲ့တဲ့ အချိန်တွေကအကြောင်းမေးတဲ့အခါ Xiumin က “ကျနော် အသက် ၁၉ နှစ်ကတည်းက အနုပညာလုပ်ငန်းကို training ကနေစဝင်ခဲ့ပါတယ်။

ကျနော်ကအခြားအဖွဲ့ဝင်တွေထက် training ထဲစဝင်တာနောက်ကျရတဲ့အကြောင်းက ကျနော်ကအစက ကောလိပ်ကျောင်းမှာ အားကစားထူးချွန်ဖို့အာရုံစိုက်နေခဲ့လို့ပါ၊ ကျနော်အစကဖြစ်ချင်ခဲ့တာက ‘bodyguard’ ဖြစ်ပါတယ်။ ကျနော်က တိုက်ကွမ်ဒို အဆင့် (၄) ဖြစ်ပြီး၊ kendo အဆင့် (၁) ဖြစ်ပါတယ်။” လို့ပြောပြခဲ့ပါတယ်။

Xiumin လေးကတော့ပရိသတ်တွေကို အားကိုချင်စရာကောင်းအောင်လုပ်နေတာနော် ချစ်စရာလေး ဆိုပြီးပရိသတ်တွေက မှတ်ချက်တွေပေးနေကြပါတယ်။

Photos-credit

Source: KBIZoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။