ဖိလစ်ပိုင်မြောက်ပိုင်းပြည်နယ် ကုန်းတွင်းပိုင်းကို ပြီးခဲ့တဲ့ ရက်ပိုင်းက တိုင်ဖွန်းနိုရူ ဝင်ရောက် သောင်းကျန်းခဲ့လို့ ရေလွှမ်းမိုးခဲ့ရတဲ့ အပြင် အနည်းဆုံး လူ ၅ ဦး‌သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက တနင်္လာနေ့ (စက်တင်ဘာ ၂၆ ရက်) မှာ ထုတ်ပြန်ခဲ့ပါတယ်။

Photo Credit - CNA News

တိုင်ဖွန်းနိုရူဟာ ကုန်းတွင်းပိုင်းကို တစ်နာရီကို လေတိုက်နှုန်း ၁၈၅ ကီလိုမီတာ နှုန်းဖြင့် ‌တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရေလွှမ်းမိုးခဲ့ရတဲ့ အပြင် လူနေအိမ်တချို့ လည်း ပျက်စီးခဲ့ပြီး စာသင်ကျောင်းများ ၊ စက်ရုံအလုပ်ရုံများ တနင်္လာနေ့အထိယာယီပိတ်ထားခဲ့ရကြောင်း သိရပါတယ်။ မုန်တိုင်းကြောင့် လူပေါင်း ၇၅,၀၀၀ လောက်က အရေးပေါ် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရပြီး ပြိုကျပျက်စီး‌သွားတဲ့ သစ်ပင်နှင့် အဆောက်အဦးများကို ရှင်းလင်းမှုလုပ်ငန်းနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

Photo Credit - CNA News

တိုင်ဖွန်းနိုရူဟာ ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့သော်လည်း တနင်္ဂနွေညမှာ ကုန်းတွင်းပိုင်းကို ဖြတ်သွားတာကြောင့် အားပျော့သွားခဲ့ပြီး တောင်တရုတ်ပင်လယ်ပြင်ကနေ ဗီယက်နမ်သို့ ဦးတည်သွားခဲ့ကြောင်း နိုင်ငံပိုင် မိုးလေဝသအေဂျင်စီက ထုတ်ပြန်ထားပါတယ်။

Photo Credit - CNA News

ကျွန်းပေါင်း ၇,၆၀၀ ကျော်ရှိတဲ့ ကျွန်းစုဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံဟာ နှစ်စဉ် ပျမ်းမျှအားဖြင့် အပူပိုင်းမုန်တိုင်း ၂၀ ကြိမ်ထက်မနည်း ဖြစ်ပေါ်နေပါတယ်။၂၀၁၃ ခုနှစ်က စံချိန်တင် အင်အားအပြင်းဆုံး အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း Haiyan ဝင်ရောက်တိုက်ခတ်မှုမှတော့ လူပေါင်း ၆၃၀၀ ထိ သေဆုံးခဲ့ပါတယ်။

Photo Credit - CNA News
Photo Credit - CNA News

သတင်းအရင်းမြစ်: Source - CNA News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။