တရုတ်နိုင်ငံရဲ့ နာမည်ကြီးမင်းသားဖြစ်တဲ့ Li Yifeng ဟာဆိုရင်ပြည့်တန်ဆာအမှုနဲ့ ၁၅ ရက်ကြာဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးတဲ့နောက် ပြန်လည်လွတ်မြောက်လာပြီး လူမြင်ကွင်းရှေ့မှာပြန်တွေ့ခဲ့ရပါတယ်။

မီဒီယာတွေရဲ့တင်ပြချက်အရ Li Yifeng ဟာ ဖမ်းဆီးခံရပြီးနောက် ပထမဆုံးအကြိမ်လူမြင်ကွင်းရှေ့ထွက်ပေါ်လာချိန်မှာ ကိုယ့်ကိုယ့်ကို ယုံကြည်ချက်ကင်းမဲ့နေပုံရပြီး မီဒီယာတွေနဲ့ ပရိသတ်တွေကိုလည်း မဆက်ဆံပဲရှောင်သွားခဲ့တယ်လို့ သိရပါတယ်။

သူ့ရဲ့အေဂျင်စီကိုလာရောက်ခဲ့တဲ့ Li Yifeng ဟာဆိုရင်ပြီးခဲ့တဲ့ ၁၀ ရက်နေ့ကစလို့ဖမ်းဆီးခံခဲ့ရကာ ပြည့်တန်ဆာအရှုပ်တော်ပုံနဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေအွန်လိုင်းပေါ်ပျံ့နှံ့ခဲ့ပြီး ဂုဏ်သက္ခာအကြီးအကျယ်ကျဆင်းခဲ့ရပါတယ်။ Li Yifeng ဖမ်းဆီးခံရပြီးတဲ့နောက်မှာတော့ သူပါဝင်တဲ့အနုပညာလှုပ်ရှားမှုတွေအားလုံးကို ရုပ်သံဌာနတွေကဖျက်ချခဲ့ပြီး Li Yifeng နဲ့တွဲလုပ်နေတဲ့ အမှတ်တံဆိပ်တွေကလည်း သူနဲ့တွဲလုပ်တာတွေကို ရပ်ဆိုင်းကြောင်းကြေညာခဲ့ပါတယ်။

Li Yifeng ဟာဆိုရင်သရုပ်ဆောင်ထူးချွန်တဲ့မင်းသားတစ်ယောက်ဖြစ်ပေမယ့်လည်း တရုတ်နိုင်င့ရဲ့စည်းမျဥ်းတွေအရ ကိုယ့်ကျင့်တရားပျက်ပြားတဲ့ အနုပညာရှင်တွေဟာ အမည်မည်းစာရင်းအသွင်းခံရပြီး အနုပညာလောကကနေထွက်ရဖို့ရှိနေပါတယ်။

Photos-credit

Source: KBIZoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။