အချို့ပုစဉ်းမများဟာ လိင်မှုကိစ္စရှောင်ဖို့အတွက် သေဆုံးမှုကို အတုလုပ်တတ်ကြပါတယ်။ ပုစဉ်းထီးတွေအတွက် မျက်ရည်နှစ်စက်ပါ။ သိပ္ပံပညာရှင်တစ်ယောက်က ပထမဆုံးအကြိမ်အဖြစ် ပုစဉ်းမတစ်ကောင်ဟာ Aggressive အရမ်းဖြစ်နေတဲ့ ပုစဉ်းထီးတစ်ကောင်နဲ့ တွေ့ရှိချိန်မှာ လေထဲမှာတင် မလှုပ်မခတ်ဖြစ်ကာ မြေကြီးပေါ်ကို ပြုတ်ကျသွားတာ မြင်တွေ့ခဲ့ပါတယ်။

ဒါဟာ လိင်ပိုင်းဆိုင်ရာသေဆုံးမှု ဟန်ဆောင်ခြင်းလို့ခေါ်ပါတယ်။ ဒီအပြုအမူဟာ ပုစဉ်းမများကို ရန်လိုတဲ့ ပုစဉ်းထီးများရန်မှ ကာကွယ်ဖို့ ဆင့်ကဲပြောင်းလဲလာဝာာပါ။ ဥပမာအားဖြင့် ပုစဉ်းထီးတစ်ကောင်က မိတ်လိုက်ဖို့ အတင်းအကြပ်ဖြစ်နေတဲ့အခါ ပုစဉ်းမဟာ ဒဏ်ရာရပြီ တစ်ခါတစ်လေ သေဆုံးနိုင်ပါတယ်။ ဒါကြောင့် ပုစဉ်းမတွေဟာ ခုလို သေချင်ယောင် ဆောင်လာတတ်ကြတာပါ။

ရှိခိုး‌ကောင်နဲ့ မြွေအပါအ၀င် မျိုးစိတ် ငါး မျိုးကသာ ခုလို လိင်ပိုင်းဆိုင်ရာ သေဆုံးမှု ဟန်ဆောင်တတ်ကြပါတယ်လို့ ဇူးရစ်ခ်ျတက္ကသိုလ်မှ ဇီဝဗေဒပညာရှင် Rassim Khelifa ဟာ EcEcology ဂျာနယ်မှာ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လေ့လာမှုအသစ်တစ်ခုကို ပြောပြခဲ့ပါတယ်။ “ပုစဉ်းတွေ တော်တော်များများမှာ အထီးတွေက အမတွေ မိတ်လိုက်ဖို့ သဘောမတူရင် ဖမ်းဖို့ ကြိုးစားကြတယ်” လို့ Khelifa ကပြောပြခဲ့ပါတယ်။ သူပြောပုံအရဆို ပုစဉ်းမတွေ ခုလိုသေချင်ယောင်ဆောင်တာ မဆန်းပါဘူး။

သတင်းအရင်းမြစ်: National Geographic

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။