ထူးခြားတဲ့ အသံပါဝါကြောင့် ကမ္ဘာကျော်လောက်အောင်ကို ကျော်ကြားရေပန်းစားကာ လူကြိုက်များသူ ဖြစ်ပြီး ယခင်က Fifth Harmony ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦးလည်းဖြစ်တဲ့ ကမ္ဘာကျော် အဆိုတော်လို့ဆိုလာရင်တော့ ပရိသတ်များအားလုံးက Camila Cabello ကိုပဲဖော်ပြကြမှာပါ။

Photo Credit From Original Uploader
Photo Credit From Original Uploader

Camila ဟာ အရင်က Fifth Harmony အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ခဲ့ပြီး ခုချိန်မှာတော့ သူမဟာ အဖွဲ့က ထွက်သွားပြီဖြစ်ပြီး သူမဟာ အဖွဲ့လိုက်သီချင်းများ အပြင်တစ်ကိုယ်တော် တေးသီချင်းများကိုလည်း ထုတ်လုပ်ဖန်တီးခဲ့ရာ ပရိတ်သတ်များစွာရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိခဲ့ပါတယ်။ သိပ်မကြာခင် နှစ်ပိုင်းကာလကတင်ပဲ (၂)နှစ်ကျော်လက်တွဲခဲ့တဲ့ ချစ်သူ Shawn Mendes နဲ့ ပြတ်စဲခဲ့တဲ့သူမကို ပရိသတ်တွေကအမြဲ စောင့်ကြည့်နေခဲ့ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

အခုအခါမှာတော့ Camila ဟာ Lox Club အမည်ရ Dating App ရဲ့ Founder ဖြစ်သူ အမေရိကန်နိုင်ငံသားဖြစ်တဲ့ Austin Kevitch နဲ့ တွဲခုတ်နေပြီဖြစ်ပါတယ်။ အစကတော့ သို့လောသို့လောသတင်းတွေထွက်ခဲ့ပေမယ့်လည်း အခုအခါမှာတော့ (၃၁)နှစ်အရွယ်ရှိ Austin Kevitch နဲ့ (၂၅)နှစ်အရွယ်ရှိ Camila Cabello တို့ဟာ တရားဝင်တွဲခုတ်နေကြပြီဖြစ်ပါတယ်။ Camila တစ်ယောက် Austin နဲ့ရောမြဲမလားဆိုတာကတော့တကယ်စိတ်ဝင်စားစရာပါ။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။