ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ Big Mouth ဒရမ်မာဟာဆိုရင် နောက်ဆုံးအပိုင်းကိုထုတ်လွှင့်ပြီး အဆုံးသတ်ခဲ့ပါပြီ။ အဲ့ဒီကားထဲကအဓိက ဇာတ်လိုက်ဖြစ်တဲ့ Lee Jong Suk ဟာဆိုရင်ဇာတ်ကားထဲမှာ သူ့ရဲ့သရုပ်ဆောင်ပီပြင်မှူတွေနဲ့ ရုပ်ရည်တွေကြောင့် လူစိတ်ဝင်စားခံနေရပါတယ်။

သူရဲ့ဇာတ်ကားနဲ့လိုက်‌ဖက်‌အောင် သရုပ်ဆောင်ပီပြင်မှုဟာ အခု Big Mouth မှမဟုတ်ပဲရှေ့ကသူသရုပ်ဆောင်ခဲ့တဲ့ ဒရာမာတွေကတည်းကဖြစ်ပါတယ်။

အခုလည်း အွန်လိုင်းပေါ်မှာပျံ့နေတဲ့ပုံတစ်ပုံက အင်တာနက်အသုံးပြု‌သူတွေကြား ရေပန်းစားလျက်ရှိပါတယ်။ အဲ့ဒီပုံထဲမှာဆိုရင် Lee Jung Suk ကကင်မရာကိုကျောပေးထားပြီး သူ့ရဲ့ထုတ်လုပ်ရေးအဖွဲ့သားတွေဖက်မျက်နှာမူထားက ဝန်ထမ်းတစ်ဦးကိုပုခုံးဖက်ထားတာ တွေ့ရပါတယ်။

အဲ့ဒီပုံကိုကြည့်ပြီးတဲ့ ပရိသတ်တွေကတော့ Lee Jung Suk ရဲ့ပုံဟာ ကောမစ်(ကာတွန်းရုပ်ပြ) ထဲကမင်းသားတစ်ယောက် အပြင်ထွက်လာသလိုပဲ လို့ တင်စားပြောနေကြပါတယ်။သူ့ရဲ့ယောကျာ်းဆန်ပြီး၊ အရပ်ရှည်တဲ့ပုံကိုကြည့်ပြီး ပရိသတ်တွေကတော့ လုံးဝကြွေဆင်းနေကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။