တောင်ကိုရီးယားသရုပ်ဆောင် Kim Sung Min ဟာဆိုရင် နာမည်ကြီးပြီးအောင်မြင်မှု ရရှိခဲ့တဲ့ ဇာတ်လမ်းတွဲပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့သူဖြစ်ပါတယ်။ Kim Sung Min က ၂၀၁၆ ခုနှစ် ၊ ဇွန်လ ၂၄ ရက်နေ့မှာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ပြီး ဦးနှောက်သေဆုံးသွားခဲ့ပါတယ်။

သေကြောင်းကြံစည်ပြီးနောက်မှာ ဦးနှောက် သေဆုံးသွားခဲ့တဲ့ Kim Sung Min အတွက် မိသားစုဝင်တွေကခန္ဓာကိုယ်အစိတ်အပိုင်းဆိုင်ရာ လှူဒါန်းမှုလေးတွေ လုပ်ပေးခဲ့ပါတယ်။ Kim Sung Min ကို ဇွန်လ ၂၄ ရက်နေ့မှာ သူ့ရဲ့ နေအိမ်က ရေချိုးခန်းမှာ သေဆုံးလျက်တွေ့ရှိခဲ့ပါတယ်။

Kim Sung Min က ဇနီးဖြစ်သူနဲ့ အချေအတင်ရန်ဖြစ်ပြီးတဲ့နောက်မှာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့တာဖြစ်ပါတယ်။ Kim Sung Min ရဲ့ ဇနီးဖြစ်သူရဲ့ အဆိုအရတော့ Kim Sung Min က အရက်သောက်ပြီးတဲ့နောက်မှာ သေကြောင်းကြံစည်ဖို့အတွက် မကြာခဏ ပြောလေ့ပြောထရှိတယ်လို့ သိရပါတယ်။

စစ်ဆေးချက်တွေအရလည်း Kim Sung Min က သေဆုံးသွားတဲ့အချိန်မှာ အရက်သောက်ထားတဲ့ လက္ခဏာတွေ ရှိနေတယ်လို့ သိရပါတယ်။ Kim Sung Min က ဦးနှောက်သေသွားတာကြောင့် လုံးဝသေဆုံးသွားတာမျိုး မဟုတ်ပေမယ့် ဦးနှောက်အသက် ပြန်ဝင်ပြီး ပုံမှန်အတိုင်း ဖြစ်လာဖို့ ခက်ခဲတာကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေ အားလုံးကို လှူဒါန်းပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တောင်ကိုရီးယားမင်းသား Kim Sung Min က ၂၀၁၆ ခုနှစ်မှာ ဆုံးပါးသွားခဲ့တာဖြစ်တာကြောင့် လူ့လောကမှာ မရှိတော့တာ နှစ်ပေါင်း ၆ နှစ်ကြာသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။