တောင်ကိုရီးယားမင်းသမီး Park Chae Yim ဟာဆိုရင် တစ်နေ့တစ်ခါက နာမည်ကြီးအောင်မြင်ခဲ့တဲ့ ဆည်းဆာရင်ခုန်သံ ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ အားပေးခြင်းကို တခဲနက် ရရှိခဲ့တဲ့သူဖြစ်ပါတယ်။Park Chae Yim ကိုဆည်းဆာရင်ခုန်သံ ဇာတ်လမ်းတွဲနဲ့ မင်းသမီး ဆန်းမီလို့ လူသိများပြီးနောက်မှာ တဟုန်ထိုးအောင်မြင်မှုတွေရရှိခဲ့ပါတယ်။

Park Chae Yim က အိမ်ထောင် နှစ်ဆက် ကျခဲ့ဖူးတဲ့သူဖြစ်ပြီး ဒုတိယ အိမ်ထောင်နဲ့ ကြမှ သားဦးလေးကိုရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ Park Chae Yim ရဲ့ သားလေးက တောင်ကိုရီးယား တရုတ်ကပြားလေး ဖြစ်တာကြောင့် အရမ်းကို ချစ်ဖို့ကောင်းပြီး ပြည့်ပြည့်ဖောင်းဖောင်းလေး ဖြစ်ပါတယ်။

Park Chae Yim က သူမရဲ့ အားလပ်ချိန်တိုင်းမှာ သားလေးကို အမြဲလိုလို စောင့်ရှောက်မှု ပေးနေတာဖြစ်ပြီး ပျော်ရွှင်စရာလေးတွေ အမြဲ ဖန်တီးပေးလေ့ရှိတဲ့ မိခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း Park Chae Yim က သူမရဲ့ သားဦးလေးကို တိရစ္ဆာန်ရုံ လိုက်ပို့ပေးနေတဲ့ ပုံလေးတွေ အင်စတာဂရမ် စတိုရီပေါ်မှာ တင်ပေးလာပါတယ်။

ဓာတ်ပုံထဲမှာ Park Chae Yim ရဲ့ သားလေးက ပျော်ပျော်ရွှင်ရွှင်နဲ့ တိလေးတွေကို အစာကျွေးနေပြီး သူငယ်ချင်းတွေနဲ့ ဆော့ကစားနေတာကို ကြည်နူးစရာလေး မြင်တွေ့ရပါတယ်။ Park Chae Yim က လက်ရှိမှာ အသက် ၄၃ နှစ်ရှိပြီဖြစ်ပြီး အနုပညာလှုပ်ရှားမှုတွေ အားလုံးကို ရပ်နားထားပါတယ်။ Park Chae Yim က ပရိသတ်တွေနဲ့ အဆက်အသွယ် မပျက်စေဖို့အတွက် တစ်နေ့တာ လှုပ်ရှားမှု ပုံရိပ်လေးတွေနဲ့ သားလေးရဲ့ အကြောင်းကို ပရိသတ်တွေဆီကို နေ့စဉ်နေ့တိုင်း ဝေမျှပေးနေတာဖြစ်ပါတယ်။

တစ်ခေတ်တစ်ခါက နာမည်ကြီးပြီး အောင်မြင်မှုတွေ များစွာ ရရှိခဲ့တဲ့ Single Mother Park Chae Yim ရဲ့ အကြောင်းကိုပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။