ထိုင်းနိုင်ငံရဲ့ မ နဲ့ မောင် အတွဲလေး လို့ လူသိများတဲ့ မင်းသား Push Puttichai ကတော့ 2016 ကတည်းက မင်းသမီး Warattaya နဲ့ လက်ထပ်ခဲ့တာဖြစ်ပြီး ၃ နှစ် အကြာမှာတော့ ရင်သွေးလေးကို ပိုင်ဆိုင်ထားပြီဖြစ်ကြောင်း Ultrasound ပုံလေးတွေနဲ့ အသိပေးခဲ့တာ ဖြစ်ပါတယ်။

အသက်အရွယ်တစ်ခုမှ ရတဲ့ ကလေးလေးမို့ Push ကလည်း မမွေးခင်ကတည်းက သည်းသည်းလှုပ် ဖြစ်နေပါတယ်။ ကိုယ်ဝန်ကလည်း ၇ လ ကျော်နေပြီမို့ ချစ်ဇနီး မမ ကို မျက်စိ ဒေါက်ထောက်ကြည့်ပြီး အစအစအရာရာ ဂရုစိုက်ပေးနေတာလည်းဖြစ်ပါတယ်။

သတင်းတွေအရ သားဦးလေးကို နိုဝင်ဘာလကုန် ဒါမဟုတ် ဒီဇင်ဘာလ အစပိုင်းမှာ မွေးဖွားမယ်လို့သိရပါတယ်။

ဖေဖေနဲ့ မေမေကတော့ သားလေးကို ဓာတ်ပုံလှလှလေးတွေ ရိုက်ပေးဖို့ မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ Iphone ရဲ့ နောက်ဆုံး Model ဖြစ်တဲ့ 14 Pro Max ကို ဝယ်ယူလိုက်ကြတာပဲ ဖြစ်ပါတယ်။ “

ฮาโหลๆๆๆ พ่อกับแม่เตรียมรุ่นนี้ไว้ถ่ายPJ น้อยละนะคร้าบบ ฮี่ๆ ??? #iphone14promax (ဟယ်လို .. အဖေနဲ့အမေက PJ လေးရဲ့ ပုံလေးတွေကို ရိုက်ပေးဖို့အတွက် ဒီမော်ဒယ်ကို ဝယ်ထားပြီး ပြင်ဆင်နေပြီနော်)” ဆိုတဲ့ Caption လေးနဲ့ အတူ သူတို့ရဲ့ နှစ်ယောက်တွဲ ပုံလေးတွေကို တင်ထားတာပဲ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။