Blackpink ရဲ့သီချင်း "Shut Down" ဟာဆိုရင် Sporify မှာစံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ BlackPink ရဲ့ comeback album ဖြစ်တဲ့ Born Pink ရဲ့ Title song ဖြစ်တဲ့ Shut Down ဟာစထွက်ကတည်းက လူအများကြိုက်နှစ်သက်မှူကို ရရှိထားတာဖြစ်ပါတယ်။

YouTube မှာကြည့်ရှုသူသန်းတစ်ရာကျော်သွားပြီဖြစ်တဲ့ Shut Down ဟာ Sportify မှာနံပါတ်တစ်နေရာကို အချိန်တစ်ခုထိရပ်တည်ထားနိုင်ခဲ့တဲ့ သီချင်းလည်းဖြစ်ပါတယ်။ အခုကတော့ Shut down ဟာ Spotify ရဲ့ Weekly Global Top Chart မှာ နံပါတ်တစ်နေရာကိုရပ်တည်နိုင်တဲ့ ပထမဆုံးသော K-pop သီချင်းဖြစ်လာပါတယ်။

အခုစာရင်းဟာ စက်တင်ဘာ ၁၆ ကနေ ၂၂ ရက်နေ့အထိရယူထားတဲ့စာရင်းဖြစ်ပြီး Shut down ကအဲ့ဒိဇယားမှာ နားဆင်သူ ၃၉ သန်းကျော်နဲ့နံပါတ်တစ်နေရာကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောငိ့ အခုရလဒ်ဟာ K-pop လောကမှာ BlackPink တို့အတွက်စံချိန်အသစ် တင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အလားတူ Blackpink ရဲ့ပထမသီချင်း Pink Venom ဟာဆိုရင်လည်း YouTube မှာနားထောင်သူ သန်း ၃၀၀ ကျော်နဲ့ Spotify weekly chart မှာနံပါတ်နှစ်နေရာ ချိတ်နိုင်ခဲ့ပါတယ်။ BlackPink တို့ကတော့သူတို့ရဲ့ အောင်မြင်မှုကိုသက်သေပြ‌လိုက်ပါပြီနော် Blinks လေးတို့ရေ။

Photos-credit

Source; KBIZoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။