သဘာဝမင်းသားကြီးလို့ တင်စားခြင်းခံရတဲ့ မင်းသားကြီး ထူးခန့်ကျော်ကတော့ အနုပညာနယ်ပယ်မှာ နေရာတစ်နေရာကို အခိုင်အမာရရှိထားတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။ လက်ရှိမှာ အနုပညာအလုပ်တွေအပြင် သူတတ်မြောက်ထားတဲ့ ရိုးရာ တိုင်းရင်းဆေးပညာတွေနဲ့ (၇)ရက်သားသမီးများရဲ့ ထုံ၊ကျင်၊ ကိုက်ခဲနေတဲ့ ရောဂါဝေဒနာများကို ကုသပေးတော ဖြစ်ပါတယ်။

Photo Credit - Htoo Khant Kyaw

သူကုသပေးတဲ့ လူနာတွေကလည်း ရောဂါသိသိသာသာ ပျောက်ကင်းသက်သာသွားတာကြောင့် နေ့စဥ် လာရောက်ကုသသူတွေ များနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် ရတနာသုံးပါးအား အမြဲဦးထိပ်ပန်ဆင်ကန်တော့တဲ့ ထူးခန့်ကျော်ဟာ အလှူအတန်းတွေကိုလည်း မကြာခဏ ပြုလုပ်လျက်ရှိပါတယ်။ ဒီကနေ့မှာလည်း ထူးခန့်ကျော်က မွန်မြတ်တဲ့ အလှူလေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။

Photo Credit - Htoo Khant Kyaw

ဒါကတော့ (၄၅) ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ကန်တော့ပွဲအတွက် ပါရမီဖြည့်သောအားဖြင့်အလှူငွေ (၁၀) သိန်းကျပ်အား ရုပ်ရှင်အစည်းအရုံးသို့ မိသားစုလိုက် သွားရောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ယခုလို တစ်ထောင့်တစ်နေရာကနေ ပါရမီဖြည့်လှူဒါန်းခဲ့ရတာကိုလည်း ထူးခန့်ကျော်က ဝမ်းသာပီတိဖြစ်ရတယ်လို့ ဆိုပါတယ်။ ကဲ..ပရိသတ်ကြီးရေး ရုပ်ရှင်သက်ကြီးပူဇော်ကန်တော့ပွဲအတွက် တတ်နိုင်တဲ့ ဘက်ကနေ လှူဒါန်းပေးခဲ့တဲ့ ထူးခန့်ကျော်တို့ မိသားစုလေးကို ဆုတောင်းမေတ္တာတွေ ပို့သပေးခဲ့ပါဦးနော်... ။

Photo Credit - Htoo Khant Kyaw

သတင်းအရင်းမြစ်: Source - Htoo Khant Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။