GOT7 အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ Jackson Wang ဟာဆိုရင်မကြာခင်ကဖြစ်ခဲ့တဲ့ Li Yifeng ရဲ့အရှုပ်တော်ပုံမှာ ပါဝင်ပတ်သက်နေတယ်လို့ သတင်းတွေထွက်အပြီးမှာ အမည်ပျက်စာရင်းသွင်းခံရနိုင်တဲ့ အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။

အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ တရုတ်နိုင်ငံသား Jackson Wang ဟာ လတ်တလော အင်တာနက်ပေါ်ကနေ ရုတ်တရက်ပျောက်နေတာကြောင့် သူ့အနေနဲ့ တရုတ်အစိုးရရဲ့ ban list ထဲထည့်ခံလိုက်ရပြီလားဆိုတဲ့ စိုးရိမ်မှုတွေမြင့်တက်လာတာဖြစ်ပါတယ်။ 

စက်တင်ဘာ ၂၀ရက်နေ့က တရုတ်ရုပ်သံလွှင့်ဌာနက Jackson Wang နဲ့သက်ဆိုင်တဲ့အကြောင်းအရာအားလုံးကို ဖျက်ချဖို့ညွှန်ကြားစာတစ်စောင်ကို လက်ခံရရှိခဲ့ကြောင်း အင်တာနက်သုံးသူတစ်ဦးက အွန်လိုင်းပေါ်တင်ပြီး အသိပေးခဲ့ပါတယ်။ အဲ့ဒီစာမှန်၊ မမှန် ကတော့သေချာမသိရသေးပေမယ့် လက်ရှိအချိန်အထိတော့ Jackson Wang ရဲ့ TV show တွေအပါအဝင် အကြောင်းတွေကို ရှာဖွေလို့ရနိုင်ပါသေးတယ်။

ဒါပေမယ့်မူလက Jackson Wang ကို brand ambassador ခန့်ဖို့ရွေးချယ်ထားတဲ့ brand တစ်ခုက သူ့နေရာမှာ အခြားအနုပညာရှင်တစ်ဦးကို အစားထိုးခဲ့တယ်လို့သိရပါတယ်။ Wang ရဲ့ပရိသတ်တွေကတော့ ရှေ့မှာဖြစ်ခဲ့တဲ့ Kris Wu နဲ့ Li Yifeng တို့လိုမျိုး အနုပညာလုပ်ငန်းတွေလုပ်လို့ မရတော့ပဲ အဆုံးသတ်သွားမှာကို စိုးရိမ်နေကြပါတယ်။

Photos-credit 

Source; KBIZoom 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။