တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်က KTV တစ်ခုဟာ Kris Wu ရဲ့သီချင်းနှစ်ပုဒ်ကိုဖွင့်မိတဲ့အတွက် ယွမ်ငွေတစ်သောင်း ဒဏ်ရိုက်ခံခဲ့ရပါတယ်။ မကြာသေးမီက တရုတ်ယဉ်ကျေးမှု၊ အနုပညာနဲ့ ရုပ်မြင်သံကြားဌာနက တာဝန်ရှိသူတွေဟာ သူတို့ရဲ့လုပ်ထုံးလုပ်နည်းတွေအတိုင်း ဂွမ်ဒေါင်းစီရင်စုထဲက KTV တွေကိုလိုက်လံစစ်‌ဆေးတဲ့အခါ KTV တစ်ခုရဲ့ သီချင်းရွေးတဲ့စာရင်း ( Playlists) ထဲမှာပြဿနာတစ်ခုကို တွေ့ခဲ့ပါတယ်။

Kris Wu ရဲ့သီချင်းနှစ်ပုဒ်ဖြစ်တဲ့ Coffee နဲ့ Dawn တို့ဟာအဲ့ဒီ Playlist ထဲမှာရှိနေတာကိုလာရောက်စစ်ဆေးနဲ့ အာဏာပိုင်တွေကတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် အာဏာပိုင်တွေက အဲ့ဒီ KTV ဟာ တားမြစ်ထားတဲ့ အဆိုတော်ရဲ့သီချင်းတွေကိုဆိုခွင့်ပြုနေတယ်လို့ သံသယရှိကာ ဥပဒေချိုးဖောက်မှုအတွက် ယွမ်ငွေတစ်သောင်းဒဏ်တပ်ခဲ့ကာ သီချင်းတွေကိုဖျက်ပစ်ခဲ့တယ်လို့ သိရပါတယ်။

KTV ဘက်ကတော့ သူတို့အနေနဲ့ Kris Wu ရဲ့သီချင်းတွေကိုတမင်မဖျက်ခဲ့တာမဟုတ်ကြောင်းနဲ့ အခုလည်းဒဏ်ငွေဆောင်ပြီး သီချင်းတွေကိုဖျက်ပေးပြီးပြီဖြစ်ကြောင်း‌ ရှင်းပြထားပါတယ်။

ကနေဒါ-တရုတ်နွယ်ဖွား ရတ်ပ်ပါအဆိုတော် Kris Wu ဟာဆိုရင်တရုတ်မှာ မဒိန်းမှုသံသယအတွက် မနှစ်ကတည်းကဖမ်းဆီးခံခဲ့ရကာ တရုတ်တရားရုံးမှာ တရားရင်ဆိုင်နေရပြီး တရုတ်အစိုးရရဲ့ အမည်ပျက်အနုပညာရှင်စာရင်းထဲလည်း အသွင်းခံထားရပါတယ်။

Photos-credit

Source; KBIZoom 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။