ရာသီအကူးအပြောင်းဖြစ်လာတာနဲ့အလျောက် မုန်တိုင်းတွေဟာလည်းအဆက်မပြတ်ဆိုသလို နိုင်ငံတိုင်းမှာ ဝင်ရောက်လာလေ့ရှိပါတယ်။ အခုအခါမှာတော့ ထိုင်းနိုင်ငံမှာ မုန်တိုင်းဝင်ရောက်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ အပူပိုင်းဒေသ မုန်တိုင်း နိုရူးဟာ လက်ရှိမှာ ပစိဖိတ် ပင်လယ်ကို ရောက်ရှိနေပြီး ထိုင်းနိုင်ငံကို ဝင်ရောက်တော့မှာဖြစ်တယ်လို့ ထိုင်းနိုင်ငံ မိုးလေဝသဌာနက ပြောပါတယ်။

Photo Credit From Original Uploader

၎င်း အပူပိုင်းမုန်တိုင်း "နိုရူး" ​ဟာ စက်တင်ဘာလ(၂၇)ရက်မှာ ဗီယက်နမ်အထက်ပိုင်း ၊ ထိုင်းနိုင်ငံမြောက်ပိုင်း နဲ့ အရှေ့မြောက်ပိုင်းတွေကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားပြီး စက်တင်ဘာ(၂၇)ရက်နေ့ကနေ (၂၉)ရက်နေ့ အတွင်း ထိုင်းနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းတွေမှာ မိုးကြီးနိုင်တယ်လို့ ဆိုထားပါတယ်။

Photo Credit From Original Uploader

မိုးလေဝသဌာနဟာ ဒေသခံတွေကိုလည်း ဒီတစ်ပတ်အတွင်း မိုးကြီး၊ ရေကြီးနိုင်ကြောင်း သတိပေးထားပြီး "နိုရူး" မုန်တိုင်း မတိုင်ခင်မှာ လည်း မုတ်သုန်ကြောင့် ထိုင်းနိုင်ငံ ရဲ့ နေရာတိုင်းလိုလိုမှာ မိုးကြီးမယ်လို့ ခန့်မှန်းထားတာဖြစ်ပါတယ်။ ၎င်းမုန်တိုင်းကြောင့် မိုးကြီးရေလျှံမှုတွေဖြစ်ပေါ်နိုင်ရုံသာမက မိုးကြိုးမုန်တိုင်းများ ဖြစ်ပေါ်လာနိုင်တယ်လို့လည်းခန့်မှန်းထားပါတယ်။

Photo Credit From Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။