တိုက်တန်းနစ် ဇာတ်ကားဖြင့် နာမည် ပိုမိုကျော်ကြားလာပြီး စော်ကြည်ဘဲကြီးလို့ ပရိသတ်တွေအကြား နာမည်ကျော်ကြားရေပန်းစားသူ မင်းသားချောကြီး Leonardo Dicaprio ရဲ့ လတ်တလော အချစ်ရေးကိစ္စဟာ ဟောလိဝုဒ်ပရိသတ်များအကြား အတော်လေး ရေပန်းစားနေပါတယ်။

Photo Credit From Original Uploader

ဘာကြောင့်လဲဆို သိပ်မကြာခင် လပိုင်းကမှ အလှပဂေးမော်ဒယ်လေးနဲ့ပြတ်ဆဲထားတဲ့ Leonardo Dicaprio ဟာ လက်ရှိမှာ တွဲဖြစ်မယ်လို့ ပရိသတ်က လုံးဝမထင်မှတ်ထားတဲ့ ကမ္ဘာကျော် အမိုက်စားစူပါမော်ဒယ် GiGi Hadid နဲ့တရားဝင်တွဲချိတ်နေတာကြောင့်ပဲဖြစ်ပါတယ်။

Photo Credit From Original Uploader

အမိုက်စား စူပါ မော်ဒယ် Gigi Hadid ကလည်း ယမန်နှစ်ကပဲ သူမရဲ့ချစ်သူ Zayn Malik နဲ့ ပြတ်ဆဲခဲ့ပြီး ပရိသတ်က Gigi နဲ့ Zayn ကို ပြန်တွဲစေချင်နေကြတာဖြစ်ပါတယ်။ သို့ပေမယ့် အခုလို Leonardo နဲ့ တွဲချိတ်သွားတဲ့အပေါ် တချို့ပရိသတ်က သဘောတူသလို တချို့ပရိသတ်က အရမ်းစိတ်ဆိုးနေကြတာကိုလည်းတွေ့ရပါတယ်။ Leonardo တစ်ယောက် ဒီတစ်ယောက်နဲ့ရောမြဲဦးမလားဆိုတာကိုတော့စောင့်ကြည့်ရမှာအသေအချာပါပဲ။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။