ဂျပန်အစိုးက နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းပြန်လည်ကောင်းမွန်စေဖို့ ရည်ရွယ်ပြီး ကမ္ဘာလှည့်ခရီးသည်တွေအလွယ်တကူဝင်ရောက် လည်ပတ်နိုင်အောင် အောက်တိုဘာ ၁၁ ရက်မှစတင်ကာ ကန့်သက်ချက်များကို ဖျက်သိမ်းပြီးဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်နိုင်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Photo Credit - thethaiger

ပြန်လည်စတင်မည့်နေ့ ကနေစတင်ပြီး ဗီဇာမပါဘဲ ဝင်ရောက်မှုကို တစ်ရက်လျှင် ဧည့်သည် ၅၀,၀၀၀ ကန့်သက်ထား ကြောင်း သိရပါတယ်။ ကပ်ရောဂါမဖြစ်မီက ဂျပန်နိုင်ငံဟာ နိုင်ငံပေါင်း ၆၉ နိုင်ငံမှ ခရီးသွားများကို ဗီဇာမပါဘဲ ဝင်ရောက်ခွင့်ပြုခဲ့ပြီး ဧည့်သည်များရဲ့ နိုင်ငံအခြေအနေပေါ်မူတည်ပြီး ရက်ပေါင်း ၁၅ ရက်မှ ၉၀ ကြား နေထိုင်နိုင်ခွင့်ပြုခဲ့ပါတယ်။

Photo Credit - thethaiger

ဂျပန်နိုင်ငံမှာ ၂၀၁၉ ခုနှစ်က ကမ္ဘာလှည့်ခရီးသည် ၃၂ သန်းကျော်ဝင်ရောက်ခဲ့ပေမယ့် ကပ်ရောဂါဖြစ်ပွားပြီးနောက် နိုင်ငံအတွင်းသို့ဝင်ရောက်သူအရေအတွက်မှာ သိသိသာသာလျော့ကျသွားခဲ့ပါတယ်။ ပြီးခဲ့နှစ်က နိုင်ငံအတွင်း ဝင်ခဲ့တဲ့ ခရီးသွားဧည့်သည် ၂၄၆၀၀၀ သာ ရှိခဲ့ပါတယ်။

Photo Credit - thethaiger

ယခုနှစ်မှာတော့ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida) က ခရီးသွားတစ်ဦးချင်းစီကို အောက်တိုဘာ ၁၁ ရက်မှစတင်ပြီး ဗီဇာမပါဘဲ နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း နယူးယောက်မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ဗီဇာကင်းလွတ်ခွင့်ဖြင့် ခရီးသွားများကို ဂျပန်နိုင်ငံကို ပြန်လည်ဝင်ရောက်လာခြင်း ဂျပန်စီးပွားရေး ပြန်လည်ဦးမော့လာစေဖို့ ခြေလှမ်းတစ်လှမ်းဖြစ်ပါတယ်။

Photo Credit - thethaiger

သတင်းအရင်းမြစ်: Source - thethaiger

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။