နှစ်စဥ်ကျင်းပနေကျဖြစ်တဲ့နာမည်ကြီး Music Bank ရဲ့အစီအစီအစဥ်တင်ဆက်သူ MC ကိုရွေးချယ်လိုက်ပြီဖြစ်ပါတယ်။ JTBC ရဲ့ထုတ်ပြန်ချက်မှာ 38 ကြိမ်မြောက် Music Bank ပွဲအတွက် MC အဖြစ် Lee Chae Min ကိုရွေးချယ်ခဲ့ကြောင်းနဲ့ idol Jang Won Young နဲ့တွဲဖက်ပြီး လုပ်ရမှာဖြစ်ကြောင်းသိရပါတယ်။

KBS ရဲ့ ‘Music Bank’ team အနေနဲ့ ‘Music Bank’ ရဲ့ MC နေရာကိုရည်ရွယ်နေတဲ့ အနုပညာရှင်တွေအများကြီးရှိပေမယ့် Lee Chae Min ကတော့ဖြစ်နိုင်ခြေအရှိဆုံးဖြစ်ပါတယ်။ Lee Chae Min ဟာဆိုရင် ၆ ပေ ၂ လက်မရှိကာ ရုပ်ဖျောင့်ပြီးနွေးထွေးတဲ့ပုံရှိတဲ့ မင်းသားတစ်လက်ဖြစ်ပြီး သူ့ရဲ့အရပ်ကြောင့်နာမည်ကြီးသူ ဖြစ်ပါတယ်။

KBS ရဲ့ ‘Music Bank’ ဟာဆိုရင် နာမည်ကြီးမင်းသားတွေရဲ့ အောင်မြင်ခြင်းတံခါးပေါက်လို့တင်စားရလောက်တဲ့အထိ မင်းသားအများစုကလုပ်ချင်ကြတဲ့ နေရာဖြစ်ပါတယ်။

‘Music Bank’ ရဲ့ MC တွေထဲမှာဆိုရင် Ji Sung, Nam Goong Min, Ji Hyun Woo, Song Joong Ki, Park Seo Joon နဲ့ Park Bo Gum တို့လိုနာမည်ကြီးတွေအထိ ပါဝင်လုပ်ကိုင်ခဲ့ဖူးပါတယ်။

Photos-credit

Source: KBIZoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။